၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
မုံရွာမြို့ အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပ
မုံရွာ၊ ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင် ကျင်းပပြုလုပ်သော ၂၂-၁၂-၂ဝ၂၃ ရက်နေ့မှ ၂၄-၂-၂ဝ၂၄ ရက်နေ့အထိ အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနား ကို သာသနာတော်နှစ် ၂၅၆၇- ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅- ခုနှစ်၊ တပို့တွဲ လပြည့်နေ့ ၊စနေနေ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက်(၈ ) နာရီအချိန်က မုံရွာမြို့၊ ရွှေစည်းခုံသာသနာ့ဗိမာန်တော်၌ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ မဟာဝိဇ္ဇာသိပ္ပံကျောင်း တိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘုရားကြီးအမှူးပြုသော သံဃာတော်အရှင်သူမြတ်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဆရာတော်ကြီးများနှင့်တကွ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အတူ တက်ရောက်လာကြသူများမှ“ နမောတဿ ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ဆက်လက်ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ မဟာဝိဇ္ဇာသိပ္ပံကျောင်း တိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက်သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် မုံရွာမြို့ ၊ ရန်ကင်းကျောင်းတိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဒွိပိဋကဓရ ဒွိပိဋကကောဝိဒ ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယင်းနောက် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ တိပိဋကာလင်္ကာရသာမဏေကျော်ကျောင်း တိုက်ဆရာတော်ဘဒ္ဒန္တကောဝိဒ ( ဂန္ထဝါစကပဏ္ဍိတ )က နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က“ ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
ထို့နောက် မုံရွာမြို့ အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို အဆိုပါ မုံရွာမြို့၊ ရွှေစည်းခုံသာသနာ့ဗိမာန်တော်ရှေ့၌ စည်းကားသိုက်မြိုက်စွာ ကျင်းပရာ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ တက်ရောက်လာကြသူအပေါင်းတို့က ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။






စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ အာဟာရပြည့်ဝသော နေ့လယ်စာပြင်ဆင်ချက်ပြုတ်မှုပြိုင်ပွဲ ကျင်းပ
မုံရွာ၊ ဖေဖော်ဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ နံနက်ပိုင်းက မုံရွာမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ကျင်းပသော သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/သူများ၏ အာဟာရပြည့်ဝသောနေ့လယ်စာပြင်ဆင်ချက်ပြုတ် မှုပြိုင်ပွဲသို့ တက်ရောက်အားပေးသည်။
အခမ်းအနားတွင် အစားအသောက်အကဲဖြတ်ရေး ဒိုင်ချုပ်ဖြစ်သော တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာညီညီလွင်မှ ပြည်သူလူထုအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် အာဟာရပြည့်ဝသော အစား အသောက်များ စနစ်တကျပြင်ဆင်ချက်ပြုတ်စားသုံးတတ်စေရန်၊ သင်တန်းသား/သူများ၏ ကာယဉာဏစွမ်းရည်ပြည့်ဝစေရန်နှင့် ပျော်ရွှင်စွာ လက်တွေ့ပညာသင်ယူဆည်းပူးနိုင်စေဖို့ ရည်ရွယ်ပြီး ပြိုင်ပွဲအားစီစဉ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ အစားအစာရွေး ချယ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ မီးဖိုချောင်သုံးပစ္စည်းများသန့်ရှင်းမှု၊ အာဟာရများမဆုံးရှုံးအောင် ပြင်ဆင်ချက်ပြုတ်ခြင်း၊ ကယ်လိုရီတွက်ချက်မှုနှင့်ပါဝင်သောအာဟာရများတင်ပြခြင်း အစရှိသည့် အချက်(၁၂)ချက်ဖြင့် အကဲဖြတ်အမှတ်ပေးသွားမည်ဖြစ် ကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ချိန်တွင်တစ်နာရီဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အဖွဲ့ (၄)ဖွဲ့မှ ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကျင်းပနေစဉ်အတွင်း မုံရွာ- သူနာပြုနှင့်သားဖွားသင်တန်း ကျောင်းမှ ကျောင်းသား/သူများမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ပြိုင်ပွဲယှဉ်ပြိုင်ချက်ပြုတ်နေကြသည့် အဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေးရာ ပြိုင်ပွဲဝင်အဖွဲ့များမှမိမိတို့ချက် ပြုတ်ထားသော ဟင်းတစ်မျိုးစီ၏ ပါဝင်သည့်ကယ်လိုရီ၊ အာဟာရဖြစ်မှုနှင့်ကုန်ကျစရိတ်တို့အား ရှင်းလင်းပြသခဲ့ကြသည်။
ထို့နောက် ဆုများချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပထမဆုရရှိသော တတိယနှစ် သူနာပြုအဖွဲ့အား ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ တာဝန်ရှိသူများမှ ဒုတိယဆုရရှိသော(ဒုတိယနှစ်သူနာပြု)အဖွဲ့၊ တတိယဆု ရရှိသောပထမနှစ်သူနာပြု (အကြီးတန်း)အဖွဲ့နှင့် နှစ်သိမ့်ဆုရရှိသော ပထမနှစ်သူနာပြု (အကြီးတန်း)အဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် မုံရွာမြို့- သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေကျပ်(၁၅)သိန်းအား တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန့်မှ ကျောင်းအုပ်ကြီးထံပေးအပ်ခဲ့ပြီး ပြိုင်ပွဲယှဉ်ပြိုင်ချိန် တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည့် ကျောင်းသား/သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်မှ ဆုငွေကျပ် (၅)သိန်းအား ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် သူနာပြုသင်တန်းသား/သူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်းသား/သူများ၊ မုံရွာမြို့- သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ဝန်ထမ်းများနှင့်မိသားစုနေ့လယ်စာအား ရင်းရင်းနှီးနှီး အတူတကွသုံးဆောင်ခဲ့ကြောင်း သိရသည်။








သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



