slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင် တန်းအမှတ်စဉ် (၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မုံရွာ ၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးစွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးရှိ သင်တန်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်က ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ အမျိုးမျိုးအား ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်ကြုံတွေ့လျက်ရှိပြီး ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ အရပ်ရပ်သည် လူသားတို့၏ လုပ်ဆောင်ချက်များအပေါ် မြစ်ဖျားခံလျက်ရှိပါကြောင်း၊ လူသားတို့ ၏လိုအပ်ချက်အမျိုးမျိုးအတွက် သဘာဝသယံဇာတများကို မဆင်မခြင်ထုတ်ယူသုံးစွဲလာခဲ့ သည့်အတွက် သဘာဝသယံဇာတ ပစ္စည်းများသည် တဖြည်းဖြည်းလျော့ပါးလာခဲ့ပါကြောင်း၊ ပတ်ဝန်းကျင်ယိုယွင်း ဆုတ်ယုတ်လာမှုသည် ယနေ့လူသားတို့ အတွက်သာမက နောင်အနာဂတ် မျိုးဆက်သစ်များအတွက်လည်း များစွာထိခိုက် စေပါ ကြောင်း၊ လူသားများအားလုံးအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအား အထူးဂရုပြု ဆောင်ရွက်ကြရန်လိုအပ်ပြီး ပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းများသည် ကဏ္ဍပေါင်းစုံနှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်မှလည်း ပတ်ဝန်းကျင်ပျက်စီးမှုလျော့နည်း စေရန်အတွက် ဂရုပြုဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများ အနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာအသိပညာများအား ပြန်လည်ဖြန့်ဝေပေးနိုင်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စများတွင် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်နိုင်သည့် လူငယ်ခေါင်းဆောင်များ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊သင် တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝနှ်ရှိသူများသည် မြေ၊ ရေ၊ လေ ညစ်ညမ်းမှု များအားစစ်ဆေးသည့် စက်ကိရိယာများ ခင်းကျင်းပြသထားရှိမှုများအား လိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝနှ်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းအား ရက် သတ္တပတ် ၄ ပတ်ကြာ စာတွေ့၊လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

20240206 06

20240206 06

20240206 06

20240206 06

20240206 06

20240206 06

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ ၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးသို့ရောက်ရှိရာ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးမှ တိုင်းဒေသကြီးအတွင်း မီးလောင်မှုဖြစ်ပွားမှု၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု၊ မီးငြိမ်းသတ်ယာဉ်များဝယ်ယူထားရှိမှု၊ ရှာဖွေ ကယ်ဆယ်ရေးမော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများဖြည့်တင်းထားရှိမှု၊ ဝန်ထမ်းများသက်သာ ချောင်ချိရေးအတွက် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မီးဘေးအန္တရာယ် နှင့် သဘာဝဘေးအန္တရာယ်များတွင် အသုံးပြုနိုင်ရန်အတွက် မီးငြိမ်းသတ်ရေးစက်ကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ မီးငြိမ်းသတ်ရေးမော်တော်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေး မော်တော်ယာဉ်များအား လိုက်လံကြည့်ရှုစစ်ဆေးကာ အဆိုပါရုံးဝန်းအတွင်း ဝန်ထမ်းများသက် သာချောင်ချိရေးအတွက် စိုက်ပျိုးထားရှိသည့် စားဖိုဆောင်သီးနှံများ အောင်မြင်ဖြစ်ထွန်းနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရုံးဝန်းအတွင်းရှိ မြို့မတိုးချဲ့ပျိုးဥယျာဉ်-၁ တွင် ၂၀၂၄-ခုနှစ်၊ မိုးရာသီ၌ ခရိုင်/မြို့နယ်များတွင် ဌာနအစီအစဉ်ဖြင့် စိုက်ပျိုးရန်နှင့် ပြည်သူများသို့ ဖြန့်ဝေပေးသွားမည့် ပျိုးပင်များပျိုးထောင်ထားရှိမှုနှင့် ပျိုးထောင်နေမှုများအား လိုက်လံ ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

20240206 01

20240206 01

20240206 01

20240206 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.