slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နှင့်မုံရွာမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

မုံရွာ၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော် မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ လ ၁၇ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီးရှိ နမ့်ပငချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် “နမ့်ပင” အသေးစားရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက ဟုမ္မလင်း မြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများသို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးမည့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း တာမောင်ကျေးရွာအနီးရှိ ၆၆ ကေဗွီ တာဝါဒီဇိုင်း ဖြင့် ၃၃ ကေဗွီ “နမ့်ပင”-ဟုမ္မလင်း ဓာတ်အားလိုင်း မြစ်ကျော်တာဝါတိုင် အမှတ် – ၂၉၂ တည် ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြသည်။

ဦးစွာ မြစ်ကျော်တာဝါတိုင်တည်ဆောက်ရေး အင်ဂျင်နီယာမှ တာဝါတိုင်တည်ဆောက်နေ မှုလုပ်ငန်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်း များ သတ်မှတ်ကာလတွင် စံချိန်စံညွှန်းမီစွာဖြင့် အရည် အသွေးကောင်းမွန်စွာ တည်ဆောက်ပြီးစီးရေးတို့အားတာဝန်ရှိသူများအားမှာကြားကာ တည်ဆောက် ရေးလုပ်ငန်းများဆောင်ရွက်နေမှု များအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ချင်းတွင်းမြစ်အနောက် ဘက်ကမ်းရှိ မြစ်ကျော်တာဝါတိုင် အမှတ် – ၂၉၁ နှင့် အမှတ် – ၅၆ တာဝါတိုင်များတည်ဆောက် နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ချင်းတွင်း မြစ်ကမ်းဘေးရှိ မြေနှုကျွန်းပေါ်တွင် တောင်သူ ၄၅ ဦးစိုက်ပျိုးထားရှိသည့် ဆောင်းမြေပဲ ၇၀ ဧက ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရွက်ဖျန်းမြေဩဇာသုံးစွဲခြင်း ကွင်းသရုပ်ပြသပွဲသို့ တက် ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့်အတူ ဆောင်းမြေပဲ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရွက်ဖျန်းမြေဩဇာသုံးစွဲခြင်း ကွင်းသရုပ်ပြသ နေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ ဒေသခံတောင်သူများအား မြေပဲ မျိုးစေ့များအား ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ရေ စီးရေလာ ကောင်းမွန်စေရန်အတွက် မုံရွာ – ရေဦးကားလမ်းမပေါ်ရှိ ကန်သာ ယာကန်မှ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓုလဈေးအထိ အရှည်ပေ ၁၅၅၀၀ ပေ၊ ၄ ပေအကျယ်ရှိ အုတ်စီရေမြောင်းနှင့် လမ်းဘေးဝဲ/ယာ ကွန်ကရစ်ခင်းခြင်း၊ ကပ်တုံး ပြုလုပ်ခြင်း လုပ်ငန်းခွင်သို့ရောက်ရှိရာ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တည်ဆောက်ရေးတာဝန်ခံများမှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်း လင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု များအပေါ် စေတနာထားကာ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် လုပ်ငန်းများစံချိန်စံညွှန်းမီစွာဖြင့် တည်ဆောက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

20260119 01

20260119 01

20260119 01

20260119 01

20260119 01

20260119 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုခြင်း “နမ့်ပင” အသေးစားရေအားလျှပ်စစ် စီမံကိန်းတည် ဆောက်နေမှုများအား လိုက်လံကြည့်ရှု

မုံရွာ၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ လ ၁၃ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နောင်လွန်ကျေးရွာရှိ တောင်သူ ဦးဖိုးတာ စိုက်ပျိုးထားရှိသည့် ရော်ဘာနှင့် ကုန်းမြင့်ကော်ဖီသီးနှံ ရော နှောစိုက်ခင်း ဧက(၂၀)သို့ ရောက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ရော်ဘာနှင့်ကုန်းမြင့်ကော်ဖီသီးနှံ စိုက်ပျိုးထားရှိမှုများအား လိုက်လံရှင်းလင်း ပြသကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ဒေသခံတောင်သူများနှင့်အတူ ကုန်းမြင့်ကော်ဖီသီးနှံ ကိုင်းဖြတ်နေမှုသရုပ်ပြသမှုများအား ကြည့်ရှုခဲ့ကြပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီးရှိ နမ့်ပငချောင်းပေါ်တွင် တည် ဆောက်လျက်ရှိသည့် “နမ့်ပင” အသေးစားရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများသို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးမည့် 33KV(၁၀)အမ်ဗွီအေ ဓါတ်အားခွဲရုံသို့ ရောက်ရှိရာ တည်ဆောက်ရေး တာဝန်ခံများမှ ဓါတ်အားခွဲရုံတည်ဆောက်နေမှု လုပ်ငန်းအခြေ အနေများအား လိုက်လံရှင်းလင်း ပြသကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည် ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးကာ ဓါတ်အားခွဲရုံတည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၂ ရက်၊ မွန်းလွဲပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီးရှိနမ့်ပငချောင်းပေါ်တွင် တည်ဆောက် လျက်ရှိသည့် “နမ့်ပင” အသေးစားရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်သို့ရောက်ရှိရာ ရေအားလျှပ် စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်-၂ တည်ဆောက်ရေး တာဝန်ခံမှ “နမ့်ပင” အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက် လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည် ဆောက်ရေးလုပ်ငန်းများ စံချီန်စံညွှန်းမီ အရည် အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ ဒေသခံပြည်သူများလိုအပ်သည့် လျှပ်စစ်မီးအမြန်ရရှိရန်အတွက် ယခုဆောင်ရွက်သည့်ရေအားလျှပ်စီမံကိန်းအား အမြန် ပြီးစီးအောင် ကြိုပမ်းဆောင် ရွက်ရေး၊ တည်ဆောက်လုပ်ငန်းသုံးပစ္စည်းများ လုပ်ငန်းခွင်သို့ အချိန်မီရောက်ရှိရေး၊ ရရှိထားသည့်ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင် သုံးစွဲသွားရေးတို့အားတာဝန်ရှိသူများအားမှာကြားကာ ရှင်း လင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် “နမ့်ပင” အသေးစား ရေအားလျှပ်စစ်စီမံကိန်း ဖိအားမြှင့်သံမဏိပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံတည်ဆောက်နေမှု နှင့် ရေယူအဆောက် အဦ တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နမ့်ပငအသေးစား ရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇.၅ မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင်တည်ရှိ၍ Concrete Gravity Dam တမံအမျိုး အစားဖြစ်ပြီး တပ်ဆင်စက်အင်အားမှာ ၆ မဂ္ဂါဝပ်ဖြစ်ကာ နှစ်စဉ်လျှပ်စစ်ဓာတ်အား ၃၄.၆၈ သန်းကီလိုဝပ်နာရီ ပျဉ်းမျှထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

20260114 01

20260114 01

20260114 01

20260114 01

20260114 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.