slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့်ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းခံရသည့် သရေစည်သူဘွဲ့ရ သီတဂူဆရာတော်ကြီးနှင့် သီရိပျံချီဘွဲ့ရ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တ ကုသလ ဆရာတော်ကြီးများအား ဂုဏပူဇော်ပ

မုံရွာ ၊ ဇန်နဝါရီ ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့်ဘွဲ့လက်မှတ် များ ချီးမြှင့်အပ်နှင်းခြင်းခံရသည့် သရေစည်သူဘွဲ့ရ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာ ရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ သောဠသမရွှေကျင် သာသနာပိုင်၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရနှင့် သီရိပျံချီဘွဲ့ရ သီတဂူကမ္ဘာ့ဗုဒ္ဒတက္ကသိုလ် ပါမောက္ခ ဒေါက်တာဘဒ္ဒန္တ ကုသလ ဆရာတော်ကြီးများအား ဂုဏပူ ဇော်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ “ နမောတသ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး နိုင်ငံတော်သြဝါဒါ စရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ သောဠ သမရွှေကျင် သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် သီတဂူဆရာတော်ကြီးမှ သမ္မောဒနီယသြဝါဒကထာ မြွတ်ကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌထံ အလှူရှင်များက ပုညရှင်သာသနာ့ဗိမာန်တော်ကြီးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ထို့နောက် သီတဂူဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝနှ်ရှိသူများမှ အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ကာ “ ဗုဒ္ဓသာသနံ စိရံ တိဌတု ”သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယင်းနောက် ဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတောင်ရိုး အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာ ပညာရေးစင်တာတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန်တော်အိတ်(၁၀၀) ဆီ ၁၀၀ ပိဿာ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ “ နမောတသ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ် ကြပြီး အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ ပဓာနနာယကဆရာတော် ဒေါက်တာအရှင် သောဘိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အရှင်သူမြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ဆရာတော်ကြီးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ပေးအပ်ချီးမြှင့်သည့် ဇေယျာလူမှုထူးချွန်(ပထမ)အဆင့် ဆုတံဆိပ်၊ဝတ္ထုငွေ၊ ဆွမ်းဆန် တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများအား လည်းကောင်း၊ ပင့်သံဃာဆရာတော်များထံ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဆွမ်းဆန်တော်၊ဆီနှင့် လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဒေါက်တာအရှင်သောဘိတထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝနှ်ရှိ သူများမှ အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံ တိဌတု ”သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနား ကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ အောင်မြေဦးကျောင်းတိုက်သို့ ရောက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ် ချီးမြှင့်သည့် ဇေယျာလူမှုထူးချွန်(ပထမ)အဆင့် ဆုတံဆိပ်၊ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

20240125 05

20240125 05

20240125 05

20240125 05

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်

မုံရွာ ၊ ဇန်နဝါရီ ၂၄

(၇၆)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံဆရာတော်၊ လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်အပ်နှင်းသည်။

အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုး ကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင် ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံရယူမည့် ဘွဲ့ခံဆရာတော်၊ လူပုဂ္ဂိုလ်များအား ဘွဲ့များချီးမြှင့် အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူသံဝေဇနိယဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပသည်။

အခမ်းအနားသို့ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ သောဠသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊ သောဠသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာ တော်၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံ သရေစည်သူဘွဲ့တံဆိပ်၊ ဘွဲ့လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများအား လည်းကောင်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခ ဒေါက်တာ ဘဒ္ဒန္တ ကုသလထံ သီရိပျံချီဘွဲ့တံဆိပ်၊ဘွဲ့လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လက်ရောက်ဆက်ကပ် လှူဒါန်းသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွှေမင်း ဝံရိပ်သာ ဧည့်ခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ပေးအပ်ချီးမြှင့်သည့် ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ရရှိသည့် ကျန်းမာရေးဝန်ကြီးဌာနမှ သားဖွား ဆရာမ ဒေါ်သိန်းရီအား ဘွဲ့တံဆိပ်နှင့်ဘွဲ့လက်မှတ်အား ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး သီတဂူဆရာတော်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီမြစ်၊ စစ်ကိုင်းမြို့နယ်၊ သီတဂူအမှတ်(၂) မြစ်ရေ တင်စက်ရေရရှိရေး အလျား- ၁၄၅၀ မီတာ၊ အနံ- ၃၅ မီတာ၊ ရေစစ်မျဉ်းအောက်အနက် (၂.၅) မီတာ (သောင်တူး)ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ လုပ်ငန်းများဆောင်ရွက် နေမှု များအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ယင်းနောက် သီတဂူဆရာတော်ကြီးမှ သောင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လိုအပ်သည်များကို မိန့်ကြားခဲ့ကြောင်း သိရှိရသည်။

20240125 01

20240125 01

20240125 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.