slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာစီးပွားရေးတက္ကသိုလ်(၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ မတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေးတက္ကသိုလ် (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းတွင် အဆိုပါ တက္က သိုလ်ရှိ စိန်ရတုခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများနှင့် ဘွဲ့ရမောင် မယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မောင်တို့မယ်တို့ မျှော်မှန်းကြိုး ပမ်းခဲ့ကြသည့် ရည်မှန်းချက်ပန်းတိုင် အသီးသီးအား ကောင်းစွာအောင်မြင်ရောက်ရှိခဲ့ကြပြီး ဖြစ်ပါ၍ မောင်တို့မယ်တို့နှင့်အတူ မိဘဆွေမျိုး၊ ဆရာသမား၊ မိတ်ဆွေများအားလုံးမှလည်း ဝမ်းမြောက်ဂုဏ်ယူနေကြမှာ အမှန်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဘွဲ့ရမောင်မယ်များအတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အမိတက္ကသိုလ်ကြီးမှ သင်ကြားပေးလိုက်သည့် စီးပွားရေးပညာရပ်များအား လက်တွေ့ဘဝတွင် ကောင်းစွာအသုံး ချပြီး နိုင်ငံတော်မှအားထားရသည့် စီးပွားရေးပညာရှင်များ အသိပညာအတတ်ပညာရှင်များ ဖြစ်လာ အောင်ကြိုးစားသွားကြရန် မှာကြားလိုပါကြောင်း၊

မောင်တို့မယ်တို့သည် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်သည်ဖြစ်စေ၊ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ကြသည်ဖြစ်စေ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရို သေကာအများနှင့်အတူ ပူးပေါင်းညှိနှိုင်းပြီး အတ္တဟိတပရဟိတမျှတအောင် ဆောင်ရွက်သွား ကြရန် မှာကြားလိုပါကြောင်း၊ မောင်တို့မယ်တို့အားလုံးသည် ဘွဲ့ရခေတ်ပညာ တတ်လူငယ်များ ပီပီ မိမိဘဝ၊ မိမိပတ်ဝန်းကျင်၊ မိမိတိုင်းပြည်အား တိုးတက်မြင့်မားအောင် စေတနာအရင်းခံနှင့် စွမ်းဆောင်ပေးနိုင်သည့် အသိပညာရှင် အတတ်ပညာရှင်များ ဖြစ်လာနိုင်ကြစေရန် ဆုမွန် ကောင်းတောင်းအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက မုံရွာစီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူထံ ငွေကျပ် – ၁၀ သိန်းအား ထောက်ပံ့ပေးအပ် ခဲ့ပြီး မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်က ကျေးဇူးတင်ဂုဏ်ပြုစကား ပြန်လည်ပြော ကြားသည်။ ဆက်လက်၍ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ MPA ဘွဲ့ရကျောင်းသား တစ်ဦး နှင့်စတုတ္ထနှစ်ကျောင်းသူတစ်ဦးတို့မှ ကျေးဇူးတင်စကား ပြောကြားကြပြီး မုံရွာစီးပွားရေး တက္ကသိုလ်ရှိ ဆရာ/ဆရာမများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ကချုပ်၊ ပါမောက္ခ/ဌာနမှူးများနှင့် ဘွဲ့ရမောင်မယ်များနှင့်အတူ ညစာအတူတကွ သုံး ဆောင်ခဲ့ကြောင်း သိရသည်။

20240310 01
20240310 02

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ၊ မတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မုံရွာမြို့၊ မြို့သစ်ရပ် ကွက်ရှိ ဗန္ဓုလ‌ ဈေး တွင် အလျား – ၆၀ ပေ၊ အနံ – ၄၀ ပေ၊ ဈေးရုံ ၄ ရုံနှင့် အလျား – ၄၀ ပေ၊ အနံ -၂၄ ပေရှိ စားသောက်ရုံသစ် ၁ ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည် ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ဗန္ဓုလ ဈေး မြေနိမ့်ပိုင်းများအားမြေဖို့ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ၊ ဈေးရုံတည်ဆောက်ရေးလုပ်ငန်းများနှင့် အရှေ့ဘက်ကန်သာယာကန် ရှိကွန်ကရစ်ရေပေါ်စင် တည်ဆောက် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ သက်မှတ်ကာလတွင် တည်ဆောက်ပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တ ရာယ်ကင်းရှင်းရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်း လင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ဈေးရုံအဆောက်အဦများ တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နေပြည် သူများ နွေရာသီတွင်သောက်သုံးရေဖူလုံရေးနှင့် ငါးစားသုံးမှုလုံလောက်စေရေးတို့အတွက် ကွေ့ ကြီးရပ်ကွက်ရှိ ရေစုကန်အမှတ်(၁၈) ၂.၉၆ ဧက၊ တူးဖော်နေမှုနှင့် ရေစုကန်အမှတ်(၁၇) ၁.၇ ဧက၊ တူးဖော်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မုံ ရွာမြို့ရှိ ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်စေရေး၊ လမ်းများ သန့်ရှင်းသပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ် ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေ ရေးတို့အတွက် မြို့သစ် ရပ်ကွက်၊ စွယ်တော်လမ်းဘေးဝဲ/ယာအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမူရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ရပ်ကွက်နေပြည်သူများအား တန်ဖိုးသင့်စားသောက် ကုန်များ၊ စားသုံးဆီများအား ဈေးနှုန်းချိုသာစွာရောင်းချပေး နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

စနေနေ့ စုပေါင်းသန့်ရှင်းကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၀ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၀၀၀ ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

20240309 01
20240309 02
 
20240309 03
20240309 04

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.