၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ သမိုင်းဝင်ဆုတောင်းပြည့်စေ တီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နေမှုနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
မုံရွာ၊ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၀ ရက်၊ နံနက်ပိုင်းတွင်း မုံရွာမြို့၊ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေ သင်္ကန်း ကပ်လှူပူဇော်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိရာ ဂေါပကအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိ သူများက လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နေမှု လုပ်ငန်းများဆောင်ရွက်နေမှုများ အားလိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သာည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့၊ သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နေမှုများနှင့် အဆိုပါစေတီတော်ကြီးပရဝုဏ်အတွင်းရှိ သမိုင်းဝင် ရန်အောင်မြင်စေတီတော် လုံးတော် ပြည့်ရွှေသင်္ကန်းကပ်လှူပြီးစီးမှုများအား လိုက်လံကြည့်ရှုဖူးမျှော်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှတာဝန်ယူ တည်ဆောက်နေသည့် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ မြေဧက- ၃.၈ ဧကအကျယ်တွင် မော်တော်ကားနှင့်မော်တော်ဆိုင်ကယ် ရောင်းဝယ်ရေးစင် တာ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အဆိုပါဝန်းအတွင်း အဝင်မုဒ်ဦး၊ မော်တော်ကား နှင့်မော်တော်ဆိုင်ကယ် အရောင်းဆိုင်၊ အပိုပစ္စည်းဆိုင်၊ အလှဆင်ပစ္စည်းအရောင်းဆိုင်၊
ရေဆေးဆီလိုက်လုပ်ငန်း၊ စားသောက်ဆိုင်များနှင့် အတွင်းပတ်လမ်း နိုင်လွန်ကတ္တရာ လမ်းများ ဆောင်ရွက်နေမှုလုပ်ငန်းများအား လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ အရည် အသွေးကောင်းမွန်စွာဖြင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ပြီးစီးရေးနှင့် လုပ်ငန်း ခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို တာဝန်ရှိသူများအား မှာကြားကာ လိုက်လံရှင်းလင်းပြ သမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်၌ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အပိုင်း(၂)အောင်မြင် စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၆)တက်ရောက်
မုံရွာ၊ ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်၌ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမို ကရေစီအထွေ ထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်း အဝေး (၃/၂၀၂၆)ကို ဇန်နဝါရီလ ၇ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မုံရွာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများ၊အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်း ရှိ ကလေးခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများနှင့် အတွင်းရေးမှူးများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အပိုင်း(၂)ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များအနေဖြင့် မဲရုံအဆိုင်းတိုးဆောင်ရွက်မှု၊ မဲရုံအဖွဲ့ဝင်တိုးချဲ့ဖွဲ့စည်းထားရှိမှု၊ မဲစာရင်းနံပါတ်များပါရှိသည့် ဖြတ်ပိုင်းများကြိုတင်ဖြန့်ဝေပြီးစီးမှု၊ မဲစာရင်းများလွယ်ကူ အဆင်ပြေစွာ မဲနံပါတ်များရှာဖွေနိုင်ရေးအတွက် မဲရုံအလိုက် Laptop ၊ လက်ကိုင်ဖုန်း စတာတွေတွင် မဲစာရင်း Soft Copy ထည့်သွင်းပြီးကြည့်ရှုနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများအား အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မဲဆန္ဒ ရှင်ပြည်သူများ ရာနှုန်းပြည့်မဲပေးနိုင်ရန်အတွက် မြို့နယ်များအလိုက် အုပ်ချုပ်ရေး အဖွဲ့များနှင့်ပူးပေါင်းပြီး မဲပေးနိုင်ရေးဆော်ဩခြင်း ဆောင်ရွက်မှုများ ကိုလည်း ရွေးကောက်ပွဲမတိုင်မီရက်အထိ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ရွေး ကောက်ပွဲနေ့တွင်အသုံးပြုမည့် မဲပေးစက်များတွင် မဲဆန္ဒနယ်အလိုက် အချက်အလက် များမှန်ကန်မှုရှိ/မရှိ ထပ်မံစစ်ဆေးသွားကြရန် လိုအပ်ပါကြောင်း၊ မဲရုံများတွင် တာဝန် ထမ်းဆောင်မည့် မဲရုံမှူး၊ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များကိုလည်း ဥပဒေ၊နည်းဥပဒေ များနှင့်အညီ တာဝန်ထမ်းဆောင်နိုင်ရေး မွမ်းမံသင်တန်း ဆောင်ရွက်ပြီးဖြစ်သည့် အတွက် အားနည်းချို့ယွင်းမှုများမရှိအောင် ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူအားလုံးမှ လိုအပ်သည့် လမ်းညွှန်ပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်းက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အပိုင်း (၂)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူ ခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ များနှင့် အတွင်းရေးမှူးများက Video Conferencing ဖြင့် လည်းကောင်း၊ မုံရွာခရိုင် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ၊အတွင်းရေးမှူးနှင့် မုံရွာခရိုင်အတွင်းရှိ ချောင်းဦး၊ အရာ တော်၊ ဘုတလင်မြို့နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများနှင့်အတွင်းရေး မှူးများက မိမိခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းများကြိုတင်စီမံ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက တိုင်းဒေသကြီး အတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မိမိတို့ဝန်ကြီးဌာနများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာ ကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



