၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ပြည်သူ့ဆေးရုံကြီးတွင် Pfizer COVID Vaccine ထပ်ဆောင်းထိုးနှံနေမှု ကြည့်ရှုအားပေး
မုံရွာ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ယနေ့နံနက်ပိုင်းက မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ပြည်သူများအား Pfizer COVID Vaccine ထပ်ဆောင်းထိုးနှံ ပေးနေမှုတို့အား အားပေးကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
Pfizer COVID Vaccine ထပ်ဆောင်းထိုးနှံ ပေးနေမှုတို့နှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမြင့်ကျော်က Pfizer COVID Vaccine ဆေးသည်ဂျာမဏီနိုင်ငံထုတ်ဆေးဖြစ်ပါကြောင်း ၊ အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ ၊ အသက်(၆၅)နှစ်အထက် ပြည်သူများ ၊ အသက်(၁၈)နှစ်နှင့်အထက် နာတာရှည် ရောဂါရှိသူ များနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊၊ ကိုယ်ဝန်ဆောင်မိခင်များ စသဖြင့် ရောဂါဖြစ်ပွားနိုင်ခြေရှိသော အုပ်စု၊ ရောဂါဒါဏ် ခံစားရနိုင်သော အုပ်စု စသည်ဖြင့် ဦးစားပေးထိုးနှံမည့်အုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးနေပါကြောင်း ၊ ယခုကာကွယ်ဆေးသည် ထပ်မံပေါ်ထွက်နေသော ဗီဇပြောင်းမျိုးကွဲပိုးများအတွက်ပါ ကာကွယ်ပေးနိုင်ပါကြောင်း ၊သို့သော်လည်း ဆေးအား စတင်တောင်းခံချိန်၊ပေးပို့ချိန်မှစပြီး ရက်သတ္တ (၈) ပတ် မှ (၁၀)ပတ်အတွင်း သာအသုံးပြုရသည်ဖြစ်သောကြောင့် ရည်မှန်းလူဦးရေတွက်ချက်ပြီးထိုးနှံပေးလျက်ရှိပါကြောင်း၊ ကာကွယ်ဆေးတစ်လုံးလျှင် လူဦးရေ ၇ ဦးအား ထိုးနှံနိုင်ပါကြောင်း၊ မုံရွာမြို့တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ထိုးနှံဆောင်ရွက်ပေးနေရာ စတင်ထိုးနှံချိန်မှ ယမန်နေ့အထိ လူဦးရေ ၁၆၀၀ ကျော်ထိုးနှံပေးပြီးဖြစ်ကြောင်း ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်းသိရှိရသည်။


၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
မုံရွာ ဖေဖော်ဝါရီ ၁၉
၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တရားလွှတ် တော် တရားသူကြီးချုပ် ဦးဇော်ထူး၊တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘောလုံး အသင်းနည်းပြများနှင့် အားကစားသမားများ၊ ဖိတ်ကြားထားသူများ၊ဘောလုံးဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက် ရောက်လာကြသူများက ဟုမ္မလင်းခရိုင် အသင်း နှင့် မုံရွာခရိုင်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ မုံရွာခရိုင်အသင်းက ဟုမ္မလင်းခရိုင်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပထမဆုရရှိသော မုံရွာခရိုင်အသင်းအားတစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ဆယ်သိန်းနှင့် တံခွန်စိုက်ဆုဖလားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လည်းကောင်း၊ ဒုတိယဆုရရှိသော ဟုမ္မလင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ခုနှစ်သိန်း နှင့် ဆုဖလားအား တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးကလည်းကောင်း၊ တတိယဆုရရှိသော ကောလင်းခရိုင်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ငါးသိန်း နှင့် ဆုဖလားအား တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက လည်းကောင်း၊ နေရာအလိုက် နှင့် ပွဲစဉ်တလျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသူများကို ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ငါးသောင်းစီ တို့ကို တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခင်မောင်အေး နှင့် လူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင် တို့က လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး နောက် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင်ကျင်းပရာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၃ ခရိုင်မှ ပြိုင်ပွဲဝင်အားကစားသမား ၂၈၆ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



