၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့ ဟွေထိုက်အသေးစားရေအားလျှပ်စစ်စီမံကိန်းကြည့်ရှုစစ်ဆေး၊လဟယ်မြို့ရှိဌာနဆိုင်ရာများ၊ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ထန်ပါခွေမြို့၊ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းနှင့်Ba
မုံရွာ၊ ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ဖေဖော်ဝါရီလ(၁၆) ရက်နေ့တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ ဟွေထိုက်ချောင်း၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၂)တည်ဆောက်ရေးမှ တာဝန်ယူဆောင်ရွက်နေသော ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းသို့ရောက်ရှိရာ အလျား(၂၉၅)ပေ အမြင့်(၈၂)ပေရှိမည့် ပင်မတမံလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ အလျား(၁၇၈၃)ပေ အကျယ်(၈.၅)ပေနှင့် အမြင့်(၆)ပေ ဖြင့် ဆောင်ရွက်နေသော ရေသွယ်မြောင်းတည်ဆောက်နေမှုလုပ်ငန်း၊ ရေလွှဲရေထုတ်ပြွန်လုပ်ငန်းနှင့် ရေယူအဆောက်အအုံလုပ်ငန်းများ၊ရေထိန်းကန်နှင့်အရည်အသွေးထိန်းသိန်းမှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အပေါ် စီမံကိန်းတာဝန်ခံအရာရှိမှ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ စီမံကိန်းအား ဒေသခံပြည်သူများ၏ အကျိုးအတွက် ခန့်မှန်းကုန်ကျငွေကျပ်သန်းပေါင်း (၃၈,၀၈၃,၅၉၇)ဖြင့် တည်ဆောက်ပေးနေခြင်း ဖြစ်ပါကြောင်း ၊စီမံကိန်းပြီးစီးသွားပါက နှစ်စဉ် လျှပ်စစ်ဓာတ်အား (၂၀.၃၈၁)ကီလိုဝပ် နာရီသန်းပေါင်းကို ထုတ်လုပ်နိုင်မှာဖြစ်ပြီး လဟယ်မြို့နှင့် အနီးဝန်းကျင်ကျေးရွာများရှိ အိမ်ထောင်စုပေါင်း (၁,၇၇၈)စုခန့်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှာဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများကို (၂၀၂၅)ခုနှစ်မတ်လတွင် သတ်မှတ်အရည်အသွေးပြည့်မီစွာဖြင့် ပြီးစီးအောင်မြင်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းသဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြင့်ဆောင်ရွက်ပေးကြစေလိုကြောင်းမှာကြားသည်။
ထို့နောက် ဝန်ကြီးချုပ်သည် နာဂယဉ်ကျေးမှုပြတိုက်အဆောက်အဦးတွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ တစ်ဦးချင်း၏ လူမှုစီးပွားဘဝပြည့်စုံစေရန်၊ စားရေရိက္ခာများပြည့်စုံစေရန်၊ဒေသဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလိုသောကြောင့် လာရောက်ခြင်းဖြစ်ပါကြောင်း၊ဒေသတည်ငြိမ်အေးချမ်းမှသာ လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်မှုများကို လုပ်ဆောင်ပေးနိုင်မှာဖြစ်သောကြောင့်ဒေသခံပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းဖို့လိုအပ်ကြောင်း ၊
ရွှေ့ပြောင်းတောင်ယာအတွက် သစ်တောသစ်ပင်ခုတ်ထွင်ရှင်းလင်းခြင်းများအစား ကုန်းမြင့်လယ်ယာများဖော်ဆောင်ပေးခြင်း၊လှေကားထစ် စိုက်ပျိုးမှုစနစ်သို့ပြောင်းလဲစိုက်ပျိုးရန်သက်ဆိုင်ရာ ဌာနများနှင့်ပေါင်းစပ်ကာနည်းပညာပေးသင်တန်းများ၊စက်မှုပိုင်းဆိုင်ရာနှင့်အခြားလိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊တောင်ယာဟောင်းများတွင်လည်းနှစ်ရှည်သီးနှံပင်များစိုက်ပျိုးနိုင်ရန်စီမံပေးထားပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများမှလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများတင်ပြခြင်း ၊ဒေသခံပြည်သူများ၏လိုအပ်ချက် တင်ပြများအပေါ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနောက် လဟယ်ဒေသတွင်တာဝန်ထမ်းဆောင်နေကြသောဝန်ထမ်းများ၊ နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်မှ နိဂုံးချုပ်စကားပြောကြားပြီးအခမ်းအနားကိုရုတ်သိမ်းခဲ့ကာ ဒေသခံပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ဝန်ကြီးချုပ်သည် နံနက်ပိုင်းတွင် ထန်ပါခွေမြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဇေယျာနန္ဒအား ဖူးမျှော်ပြီး သာသနာရေးဆိုင်ရာများဆောင်ရွက်ရာတွင် အသုံးပြုရန် နဝကမ္မအလှူတော်ငွေ(၅)သိန်းကျပ် ဆက်ကပ်လှူဒါန်းခဲ့ကာ ဌာနဆိုင်ရာများမှလည်း သင်္ကန်းကပ်လှူခဲ့ကြသည်။
ထို့နောက် ထန်ပါခွေမြို့ Baptist Charch သို့ ရောက်ရှိပြီး သာသနာရေးဆိုင်ရာများဆောင်ရွက်ရာတွင် အသုံးပြုရန် အလှူတော်ငွေ(၅)သိန်းကျပ် အားပေးအပ်လှူဒါန်းရာ သင်းအုပ်ဆရာတော်ဦးလောင်ဆွေနှင့်အသင်းတော်တာဝန်ရှိသူတို့မှ ပြန်လည် ဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်းသိရသည်။








စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကြည့်ရှု
မုံရွာ၊ ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ဖေဖော်ဝါရီလ(၁၆) ရက်နေ့တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ သီရိမင်္ဂလာမြစေတီတော်ကုန်းတော်တွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်နေပြည်သူများစုပေါင်းကာ သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် စေတီတော်ကုန်းတော်ပေါ်ရှိ မြက်ပင်များရိတ်ခြင်း၊သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ပေါင်းမြက်များရှင်းလင်းခြင်းနှင့်အမှိုက်ကောက်ခြင်းစသည့် သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး အလားတူ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင်ခရိုင်(၁၃)ခရိုင်၊မြို့နယ်ပေါင်း(၁၅)နေရာရှိ နေရာပေါင်း(၁၅)နေရာတွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တပ်မတော်သားများ စုစုပေါင်း အင်အား (၁၈၀၅)ဦးတို့ဖြင့် ဆေးရုံများ၊စာသင်ကျောင်းများ၊ဘုရားပုရဝုဏ်နှင့်စေတီတော်များ၊ဌာနဆိုင်ရာရုံးဝင်းများ၊ ဈေးအတွင်းအပြင်များ၊ လမ်းဘေးဝဲယာများစသည့် အများနှင့်သက်ဆိုင်သောနေရာများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



