၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် တိုင်းဒေသကြီးအတွင်း အပူ ဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ တက်ရောက်
မုံရွာ၊ ဧပြီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ် ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ ၂၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ စာရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် အသား၊ ငါး၊ ဥ များအား လုံလောက်စွာ မွေးမြူထုတ်လုပ်သွားရေး၊ မွေးမြူ ရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်း များဆောင်ရွက်ရာတွင် ခြံလှောင်စနစ်ဖြင့် စနစ်တကျမွေးမြူသွားရေး၊ မိမိတို့တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မွေးမြူရေးအစာများနှင့် ထုတ်ကုန်များတင်ပို့ရောင်းချနိုင် ရန်အတွက် လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စည်းဆင်းမှု မြန်ဆန်စေရေးအတွက် လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း လိုအပ် ချက်များရှိပါက ယခုအစည်းအဝေးတွင် ဆွေးနွေးတင်ပြသွားကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက် လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြလုပ်သည့် တိုင်းဒေသကြီးအတွင်း အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် တာဝန်ရှိသူအားလုံးအနေဖြင့် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရေး၊ သက်ကြီးအဘိုးအဘွားများနှင့် ကလေးငယ်များအတွက် အပူရှောင်စခန်းများဖွင့်လှစ်သွားရေး၊ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရေးနှင့် လိုအပ်ချက် များရှိပါက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများအား ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက် လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။




စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆွမ်းဆန်၊ ဆီ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီး နှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များ
ဦးစွာ မုံရွာမြို့၊ မဟာလယ်တီကျောင်းတိုက် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဣန္ဒဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါး သီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများက ဆွမ်းဆန်၊ ဆီ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်
မုံရွာမြို့၊ အုတ်ကန်တောရစာသင်တိုက်ကြီးသို့
ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများက ဆွမ်းဆန်၊ ဆီ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မဟာဇောတိကာရာမပါဠိတက္ကသိုလ်သို့
ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများက ဆွမ်းဆန်၊ ဆီ၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်သည့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသွားမည့် နွေစပါးများ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးသွားရေး၊ သွင်းအားစုဓါတ်မြေ ဩဇာများအား ဒေသခံတောင် သူများလက်ဝယ်အရောက် အချိန်မီရောက်ရှိရေး၊ နွေစပါးများအချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာများအတွက် ဒီဇယ်ဆီ များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးမည်ဖြစ်၍ လယ်သမားလက်ဝယ်အရောက် ဖြန့်ဖြူးနိုင်ရေး တာဝန်ရှိသူများမှ မြေပြင်အထိကွင်းဆင်းစီစစ် ကြပ်မတ်ဆောင်ရွက် သွား ရေး၊ မိမိတို့တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထားသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများမှ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်း ဆောင်ရွက်သွားရေးနှင့် လိုအပ်ချက်များရှိပါက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွ
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ ၏ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



