၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နယ်၊ နမ့်ပငအသေးစား ရေအား လျှပ်စစ်စီမံကိန်း တည်ဆောက်နေမှုနှင့် ခရိုင်စုပေါင်းရုံး အဆောက်အဦသစ် ဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး
မုံရွာ အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာ များ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ ၂၀ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီး နမ့်ပငချောင်း ပေါ်တွင်တည်ဆောက်လျက်ရှိသည့် နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း ယာယီရှင်းလင်း ဆောင်သို့ရောက်ရှိရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်-၂ တည်ဆောက်ရေး၊ တာဝန်ခံအင်ဂျင်နီယာမှ နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းအခြေအနေများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နမ့်ပငအသေးစားရေအား လျှပ်စစ်စီမံကိန်း တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နှင့်အနီးရှိ ကျေးရွာများမှ ဒေသခံပြည် သူများနှင့် MSMEs လုပ်ငန်းများအတွက် လျှပ်စစ်ဓါတ်အားလုံလောက်အောင် ဖြည့်ဆည်းပေးနိုင် တော့မည်ဖြစ်ပါ၍ သက်မှတ်ကာလတွင်ပြီးစီးအောင် ဆောင်ရွက်စေလိုပါကြောင်း၊ သက်မှတ် အရည်အသွေးများနှင့် ကိုက်ညီစွာတည်ဆောက်ကာ လုပ်ငန်းများဆောင်ရွက်မှုအပေါ် စေတနာ ထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့အား အသေး စိတ်မှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နမ့်ပင အသေးစားရေ အားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။
အဆိုပါ နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇.၅ မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင်တည်ရှိပြီး Concrete Gravity Dam တမံအမျိုးအစားဖြစ်ပြီး၊ တမံအလျား – ၄၇၃ ပေ၊ တမံအမြင့် – ၁၁၄.၈ ပေ၊ ရေအားအမြင့် – ၈၀.၃၈ ပေ၊ နှစ်စဉ်ပျဉ်းမျှစီးဝင်ရေ ၁.၁၀ သိန်းဧကပေ၊ သံကူကွန်ကရစ်- ရေပိုလဲွဲှဖြစ်ကာ တပ်ဆင် စက်အင်အား -၆ မဂ္ဂါဝပ် (၂ x ၃ မဂ္ဂါဝပ်)ဖြစ်ပြီး နှစ်စဉ်လျှပ်စစ်ဓာတ်အား – ၃၄.၆၈ သန်းကီလိုဝပ် နာရီပျဉ်းမျှထုတ်လုပ်နိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကာ ယခုအချိန်တွင် လုပ်ငန်းအားလုံး၏ ၄၁ ရာခိုင်နှုန်း ကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ခရိုင်စု ပေါင်းရုံး အဆောက်အဦသစ် တည်ဆောက်ရေးရှင်းလင်းဆောင်သို့ ရောက်ရှိရာ ခရိုင်စီမံအုပ် ချုပ်ရေးမှူး ဦးရဲဝင်းနှင့် တည်ဆောက်ရေးတာဝန်ခံများက ခရိုင်စုပေါင်းရုံး အဆောက်အဦသစ် တည်ဆောက် ပြီးစီးမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တည်ဆောက်ရေးလုပ်ငန်းများ အား စံချိန်စံညွှန်းမီအရည်အသွေးကောင်းမွန်စွာဖြင့် သက်မှတ်ဘဏ္ဍာနှစ်အတွင်း အပြီးတည် ဆောက်ပြီးစီးရေး၊ လုပ်ငန်းများအပေါ်စေတနာထားကာ ဆောင်ရွက်သွားရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတို့အား အသေးစိတ်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဟုမ္မလင်းခရိုင် စုပေါင်းရုံး အဆောက်အဦသစ် တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စား ပြုပြိုင်ပွဲဝင်အဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား တက်ရောက်
မုံရွာ အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲ ဝင်အဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၉ ရက် နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်း ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲဝင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အနာဂတ်ကာလတွင် လက်ဆင့် ကမ်းတာဝန်ယူ ထမ်းဆောင်ကြမည့် မျိုးဆက်သစ်လူငယ်များအား ဗလ(၅)တန် နှင့်ပြည့်စုံရေး တာဝန်ရှိသူများအားလုံးမှ လေ့ကျင့်၊ပြုစု၊ ပျိုးထောင်ပေးသွားရမည် ဖြစ်ပါ ကြောင်း၊ လူငယ်၊ လူရွယ်များအား မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး အမျိုးဂုဏ်၊ဇာတိဂုဏ်နှင့် ယဉ်ကျေးမှုအမွေအနှစ် များအား ချစ်မြတ်နိုးစွာဖြင့်တန်ဖိုးထားကာ ထိန်းသိမ်းစောင့် ရှောက်ရေးအတွက် မျိုးချစ်စိတ် ရှိသူတိုင်းမှ ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊
မိမိတို့ တိုင်းဒေသကြီး၏ အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲဝင်အဖွဲ့ကို အင်အားပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်အောင် ကိုယ်တိုင်ပါဝင်ဆင်နွဲကျသည့် အနုပညာရှင်များ ဝါသနာရှင်များ ပံ့ပို့အတီးပညာရှင်များ မျိုးဆက်သစ်လူငယ်များအားပါဝင် ယှဉ်ပြိုင်ခွင့်ပြုပေးခဲ့ကြသည့် မိဘများ နှင့် အုပ်ချုပ်သူများအား အသိအမှတ်ပြုပါကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်တိုင်းသည် မိမိတို့တစ်ဦးချင်း၊တစ်ဖွဲ့ချင်း အချိန်ကိုတန်ဖိုးရှိစွာဖြင့် စနစ်ကျသည့်လေ့ကျင့်အားထုတ်မှုများနှင့် အသုံးချဆောင်ရွက်နေသူများ သာအောင်မြင်မှု ကိုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လည်း တိုင်းဒေသကြီးအတွက် ရွှေတံဆိပ်ဆုများစွာကိုရရှိကာ အောင်မြင်မှုများစွာဖြင့် ပြန်လာ မည့် ပြိုင်ပွဲဝင်များ၏အပြန် လမ်းကို စောင့်ကြိုလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ် ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲဝင်အဖွဲ့ အုပ်ချုပ်သူထံ အောင်နိုင်ရေးအလံအားပေးအပ်ပြီး ပြိုင်ပွဲဝင်အနု ပညာရှင်၊ဝါသနာရှင်များက ပြိုင်ပွဲဝင်ရန် အသင့်ပြင်ဆင်လေ့ကျင့်ထားသည့် အဆို၊ အက၊ အတီး များဖြင့် ဖျော်ဖြေခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီးထံ အဆို၊ အက၊ အတီးများဖြင့် ဧည့်ခံဖျော်ဖြေပေးခဲ့သူများအတွက် ငွေကျပ် သိန်း – ၃၀ အား ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စား ပြုပြိုင်ပွဲဝင်အဖွဲ အုပ်ချုပ်ကြီးကြပ်သူများ၊ နည်းပြများနှင့် ဘာသာရပ်အလိုက် တာဝန်ခံ အနုပညာရှင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင် ကြမည့် တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်များအား ပြိုင်ပွဲစည်းကမ်း၊ အဆောင်စည်းကမ်းနှင့်သွား လာစည်းကမ်းမျာကိုလိုက်နာရေး၊ အမှတ်ပေးစည်းမျဉ်းများနှင့်အညီ ယှဉ်ပြိုင်ကာ အောင်နိုင်မှု ရရှိရေးအတွက် ပြိုင်ပွဲမကျင်းပမီအထိ ကြိုးပမ်းလေ့ကျင့်သွားရေးနှင့် ကျန်းမာရေး ဆိုင်ရာဂရုပြု လိုက်နာသင့်သည်များကို အသေးစိတ်မှာကြားခဲ့သည်။
အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲကြီး တွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင် အမျိုးသား – ၁၄၈ ဦး၊ အမျိုးသမီး – ၉၂ ဦး၊ စုစုပေါင်း ၂၄၀ ဦးဖြင့် ဘာသာရပ်ပေါင်း ၈၉ မျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရ သည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.




