၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ စခန်းသွင်းလေ့ကျင့်နေမှုများကြည့်ရှုစစ်ဆေး
မုံရွာ အောက်တိုဘာ ၁၈
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ ရောက်ရှိရာ တိုင်းဒေသကြီးကိုယ်စားပြု ၂၀၂၃-ခုနှစ်၊ (၂၄)ကြိမ် မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက ၊ အရေး၊ အတီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် အဆင့်အလိုက်ဘာသာရပ်များဖြစ်သော တစ်ကိုယ်တော်အက၊ ကဗျာလွတ်အက၊ ဆိုင်းအဖွဲ့လိုက်၊ ဒုံမင်း၊ အိုးစည်အဖွဲ့ လိုက်၊ ဆိုင်းတစ်ကိုယ်တော်၊ နှဲတစ်ကိုယ်တော်၊ ခောတ်ဟောင်းကာလပေါ်၊ အမျိုးဂုဏ်/ဇာတိဂုဏ်၊ ရုပ်သေးနှစ်ပါးသွားအကများ လေ့ကျင့်နေသည့်ပြိုင်ပွဲဝင်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နည်းပြများနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြသည်။
အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲကြီး တွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင် အမျိုးသား – ၁၄၈ ဦး၊ အမျိုးသမီး – ၉၂ ဦး၊ စုစုပေါင်း ၂၄၀ ဦးဖြင့် ဘာသာရပ်ပေါင်း ၈၉ မျိုး ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်၍ ရက်ပေါင်း ၃၀ ကျော်ကြာ စခန်းသွင်းလေ့ကျင့် လျက်ရှိ ကြောင်းသိရှိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာ၀ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနား တက်ရောက်
မုံရွာ အောက်တိုဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဓဒသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့အတွက် သဘာဝဘေးအန္တရာယ်နှင့် မညီမျှမှုကြား အပြန်အလှန် ဆက်ဆံရေးကို ရှေးရှုဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုနှင့် ပတ်သက်၍ အမျိုးသားအဆင့်မှ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာ အဆင့်အထိ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိပြီး သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခကြုံတွေ့နေရသည့် ဒုက္ခသည်များအား လတ်တလော သက်သာချောင်ချိမှုရရှိစေရေး အတွက် အထောက်အပံ့များပေးခြင်း၊ သဘာဝဘေးအန္တ ရာယ်များကြောင့် လူ့အသက်အိုးအိမ် ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းရေးအတွက် ကြိုတင်စီ မံဆောင်ရွက်ပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
မိမိတို့တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားမဖြစ်ပွားခဲ့ သော်လည်း မီးလောင်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်းနှင့် အခြားဘေးများအပါအဝင် လတ်တလောအကြမ်းဖက်မှု ကြောင့် ယာယီနေ ရပ်စွန့်ခွာသူများအား လိုအပ်သည့်ထောက် ပံ့မှုများဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ် အဖြစ် “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ မညီမျှမှုတွေ တိုက်ဖျက်စို့”ဟူသော ဆောင်ပုဒ်နှင့်အညီ လူသားများ၏အသက်အိုးအိမ်၊ အသက်မွေးဝမ်း ကျောင်း၊ စီးပွားရေးနှင့် အခြေခံအဆောက်အဦများတွင် ဆုံးရှုံးမှုများအားကာကွယ်လျှော့ ချရန် ဆောင်ရွက် ခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်သို့ရောက်ရှိမှာ ဖြစ်ပါကြောင်း၊
ပြည်သူလူထုအနေဖြင့် ရာသီအလိုက်ဖြစ်ပေါ်တတ်သော မည့်သည့်ဘေးအန္တရာယ်မျိုးကို မဆို အသိသတိရှိစွာဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် ယခုနှစ်အတွင်း ဖြစ်ပေါ်လာ နိုင်သည့် အယ်လ်နီညို(အပူလွန်ကဲခြင်း) ရာသီဉတုဖြစ်စဉ်အား အထူးဂရုပြုနေထိုင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကုလသမဂ္ဂဘေး အန္တရာယ်လျော့ပါးရေးရုံး (UNDRR)မှပေးပို့သော ၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာ သတင်းစကားရုပ်သံ Video Massage ၊ ၂၀၂၃-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာ၀ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ပြဇာတ်ဇာတ်လမ်း Video နှင့် မိုခါမုန်တိုင်းတုန့်ပြန် ဆောင်ရွက် မှုဆိုင်ရာ မှတ်တမ်းတင် Video တို့အားကြည့်ရှု အားပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ၂၀၂၃-ခုနှစ်၊ အပြည် ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် စာစီစာ ကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆု လက်မှတ်နှင့်ဆု ငွေများ ပေးအပ်ချီးမြှင့်ကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ပြခန်းတွင်ပြသထားသော သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုနှင့် ကူညီ ကယ်ဆယ်ရေလုပ်ငန်း ဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုအားပေး ကာအခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



