၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်း လျှောက်ပွဲ ကျင်းပ
မုံရွာ ၊ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်း လမ်းလျှေက်ပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကန်သာယာကန် ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီ ကောလိပ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ မြို့နေပြည်သူများနှင့် အားကစားကိုချစ်မြတ် နိုးသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူ အင်အား ၄၀၀၀ ကျော်မှ မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာ ပြည်ထောင်စုရင်ပြင်ရှိ သက်မှတ်နေရာများတွင် အသီးသီး နေရာယူကြပြီး မီးရှူးပန်းပစ်ဖောက်ကာ သက်မှတ်နေရာများမှစတင်၍ ဗိုလ်ချုပ်လမ်း၊ ၄င်းမှ အနောက်ဘက် ကန်သာယာကန်တစ်ပတ်အား ကန်ပတ်လမ်းလမ်းတစ်လျှောက် တစ်ပျော် တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး အရှေ့ဘက်ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြကာ အဆိုပါရင်ပြင်၌ စနစ်တကျနေရာယူကြပြီး တိုင်းဒေသကြီးအားက စားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်မောင်မယ်များ၏ ကိုယ်ကာယလေ့ကျင့်ခန်း အမှတ်စဉ်(၁) အမှတ်စဉ်(၂)သရုပ်ပြသမှုနှင့် Physical Fltness Dance တေးသီချင်းများဖြင့် သွေးပူလေ့ကျင့် ခန်းအားကစားများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများသည် ဌာနဆိုင်ရာအသီး သီးမှ ကျွေးမွေးသည့် နံနက်စာများအား တစ်ပျော်တစ်ပါး စားသောက်နေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကံစမ်းမဲများဖွင့် ဖောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဆုမဲပေါက်သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆုမဲပေါက်သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လေရှီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်၊ မိုပိုင်း လွတ်မြို့ရှိ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ မြို့နယ်/မြို့အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားများ တက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းမျာ
မုံရွာ ၊ ဒီဇင်ဘာလ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ လေရှီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော လေရှီးမြို့ရှိ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းဆောင်ရွက်နေသည့် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများ၊ စားရေရိက္ခာပေါများရေးအတွက် စိုက်ပျိုးမွေးမြူထုတ်လုပ်ရန်လိုအပ်မှု အခြေအနေများ၊ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး နှင့်ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် ဆောင်ရွက်ပေးနေမှုအခြေ အနေများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဆက်သွယ်ရေးကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးထားမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ များမှ မိမိတို့ဌာနများအလိုက် လေရှီးမြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများဆောင် ရွက်ပေးနေမှု လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားကြသည်။
ထို့နောက် လေရှီးမြို့ရှိ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ မြို့ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သတ်၍ လိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ မိုပိုင်းလွတ်မြို့သို့ ရောက်ရှိရာ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ တွင် မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားအဖွဲ့များ၊ မြို့ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်း အနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ မိုပိုင်းလွတ်မြို့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသတည် ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ များမှ မိမိတို့ဌာနများအလိုက် မိုပိုင်းလွတ်မြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုများနှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားကြသည်။
ထို့နောက် မြို့ရှိမြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများမှ မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ် ငန်းများနှင့် ပတ်သတ်၍ လိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိုပိုင်းလွတ်မြို့ စီမံအုပ်ချုပ်ရေးမှူးထံ ဌာန ဆိုင်ရာဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် – ၁၀ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြား ကာအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ အထွေထွေရန်ပုံငွေဖြင့် တည်ဆောက်သည့် မိုပိုင်းလွတ်မြို့၊ ချင်းတိုင်းရင်းသားရိုးရာ စာပေ နှင့်ယဉ်ကျေးမှု အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြရာ ချင်းတိုင်းရင်းသား များမှ ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေး ရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းတပ်နယ်မှူးနှင့် ချင်းတိုင်းရင်းသားရိုးရာစာပေနှင့် ယဉ် ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတို့က အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ အဆိုပါအဆောက်အဦသစ်ရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ချင်းတိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှု အဆောက်အဦသစ်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုပိုင်းလွတ်မြို့ရှိ ရပ်ကွက်(၁)နှင့်ရပ်ကွက်(၂)ကြားရှိ အရှည်- ၃၀ ပေ၊ အကျယ် – ၁၈ ပေ သစ်သားတံတား ပြန်လည်ပြုပြင် တည်ဆောက်မည့်လုပ်ငန်းနှင့် ရေနှုတ်မြောင်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။









သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



