၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်း ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၆) တက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုး တက်မှုအကောင်အထည်ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၆)ကို စက်တင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေ သကြီး နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည် ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက် မှုအကောင်အထည်ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက တိုင်းဒေသကြီးအတွင်းရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေးနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နေသည့် ဆပ်ကော်မတီများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက် နေသည့် လုပ်ငန်းများအပေါ် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း နယ်စပ်ဒေသလူမျိုးများ အမှန်တကယ်
အကျိုးရှိမည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား စီစစ်ရွေးချယ်၍ စနစ်တကျကြပ်မတ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နှစ်အလိုက်ရရှိ ထားသည့် ဘဏ္ဍာရန်ပုံငွေများအား အကျိုးရှိစွာသုံးစွဲသွားကြရန်နှင့် လေလွင့်ဆုံးရှူံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက်လည်း ကော်မတီဝင်အားလုံးမှ အလေးထား ပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှုအကောင်အထည်ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် ဆပ်ကော်မတီ အတွင်းရေးမှူးများက တိုင်းဒေသကြီးအတွင်းရှိ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ဝါစိုက်တောင်သူများ၊ ဝါဝယ်ယူသူများ၊ ဝါကြိတ်လုပ်ငန်းရှင်များ၊ ဝါစေ့ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနား တက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများ၊ ဝါဝယ်ယူသူ များ၊ ဝါကြိတ်လုပ်ငန်းရှင်များ၊ ဝါစေ့ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မုံရွာမြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများ၊ ဝါဝယ်ယူသူများ၊ ဝါကြိတ်လုပ် ငန်းရှင်များနှင့် ဝါစေ့ဆီစက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုး ရေးအား အဓိကလုပ်ကိုင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်တာနှင့်အညီ တိုင်း ဒေသကြီးအတွင်း စိုက်ပျိုးလျက်ရှိသည့် စပါး၊ဆီထွက်သီးနှံ ပဲမျိုးစုံနှင့် စက်မှုကုန်ကြမ်းသီး နှံဝါအပါအဝင် သီးနှံမျိုးစုံ စိုက်ဧကလျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အတွက်နှုန်းရရှိ ရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း၊ ဝါစိုက်တောင်သူများအနေဖြင့် စက်မှုကုန်ကြမ်းသီးနှံ ဝါများအား အောင်မြင်အောင် တိုးချဲ့စိုက်ပျိုးကာ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် သွင်းအားစု များနှင့် ပိုးသတ်ဆေးများအား စနစ် တကျသုံးစွဲကာ စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ ဝါကြိတ်၊ ဝါစေ့ဆီလုပ်ငန်းရှင်များအနေဖြင့်လည်း ဝါများအား Grade အလိုက် စနစ်တကျ ဝယ်ယူကြိတ်ခွဲထုတ်လုပ်ပြီး အရည်အသွေးကောင်းမွန်သည့် ဝါကုန်ကြမ်းမှ အထည် အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ဝါစိုက်တောင်သူ များနှင့် ဝါလုပ်ငန်းရှင်များ၏ လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးကာ မိမိတို့တိုင်းဒေသကြီး၏ ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအား အလေးထား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာသူ များမှလည်း မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် လိုအပ်ချက်များရှိပါ က ပွင့်လင်းမြင်သာစွာ ဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဝါစိုက်တောင် သူများ၊ ဝါဝယ်ယူသူများ၊ ဝါကြိတ်လုပ်ငန်းရှင်များနှင့် ဝါစေ့ဆီစက်လုပ်ငန်းရှင်များမှ ဝါသီး နှံမျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ၊ လယ်ယာသုံးစက်မောင်းဆီများ၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများရရှိရေးတို့ အတွက် ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲ အခမ်းအနားသို့ တက် ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



