၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစား သောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း
မုံရွာ သြဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်း အနားကို သြဂုတ်လ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရေးသည် အဓိကကျပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် လုပ်ငန်းစဉ်များအား အေးချမ်းစွာဖြင့်အောင်မြင်အောင် ဆောင်ရွက် နိုင်ရန် ဒေသတည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်ပါကြောင်း၊ တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်း များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ လုံခြုံရေးကိစ္စရပ်များအား နေ့မအားညမနား ကြိုးစား ဆောင်ရွက်နေကြသည်ကို အလေးထားအသိမှတ်ပြုသည့်အနေဖြင့် အခြေခံစားသောက်ကုန် ဆန်နှင့်ဆီများကို ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင် မှုသည် မွန်မြတ်ကောင်းမွန်သော လုပ်ဆောင်မှုပင်ဖြစ်ပါကြောင်း၊ PDF အမည်ခံ အကြမ်းဖက် အဖွဲ့များ၏ဆိုးကျိုးကို ပြည်သူများခါးသီးစွာ ခံစားနေကြရသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် ပြည်သူများက အားကိုးမှုမြင့်မားနေပါကြောင်း၊ ပြည်သူများ၏ဘ၀ လုံခြုံအေးချမ်းရန် အတွက် တာဝန်ကျေပွန်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအတွက် အခြေခံစားသောက်ကုန် များအား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကိုယ်စား စစ်မှုထမ်းဟောင်း တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က သြဂုတ်လ ၈ ရက် နှင့် ၉ ရက်နေ့ တို့တွင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ နိုင်ငံတော်၏ အခြေအနေအရ သက်တမ်းထပ်မံတိုးမြှင့်သည့်ကာလအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဆောင်ရွက်သင့် သည်များနှင့် အသစ်ထပ်မံချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့် ပတ်သက် ၍လည်းကောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆောင်ရွက် သင့်သည်များအားလည်းကောင်း အသေးစိတ်လမ်းညွှန်မှာကြားချက်များကို သြဂုတ် ၁၄ ရက်နေ့၊ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အသေးစိတ်ချပြရှင်းလင်း ပြောကြားသည်။ အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲသို့ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းကျန်းမာ ရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနား တက်ရောက်
မုံရွာ သြဂုတ် ၁၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု များအထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျောင်းသားလူငယ်များသည် နိုင်ငံတော်အတွက်အရေးပါသည့် အင်အား တစ်ရပ်ဖြစ်သည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး စွမ်းရည်ထက်မြက်သော နိုင်ငံ့သားကောင်း ရတနာများဖြစ်လာစေရန် စာသင်ကျောင်းများမှ အစပြု၍ ဗလငါးတန်နှင့် ပြည့်စုံအောင် လေ့ကျင့်ပျိုးထောင်ပေးရမှာဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပူးပေါင်းပြီး ကျောင်းသားလူငယ်များ ကျန်းမာရေး အဆင့်အတန်း တိုးတက်မြင့်မားစေရန် ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရန်နှင့် ကျန်းမာ ပျော်ရွှင်သည့် ပညာသင်ယူမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်ရန်အတွက် ကျန်းမာရေး အဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များအား ချမှတ်ထူထောင်လျက်ရှိပါကြောင်း၊ ကျောင်းသား လူငယ်များအနေဖြင့် physical education အချိန်များတွင် ကိုယ်လက် လှုပ်ရှားအားကစား ပြုလုပ်ခြင်း၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခြင်းတွင် ကိုယ်ကာယကြံ့ခိုင်မှု၊ အချင်းချင်းချစ်ကြည်ရင်းနှီးမှု၊ အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက် နိုင်မှုများ ရှင်သန် တိုးတက်လာမှာဖြစ်သည့်အတွက် ကျန်းမာရေးအဆင့်မြှင့် ကျောင်းများအား ကျေးလက်ဒေသပါ မကျန်ထူထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းများမှတဆင့် ကျန်းမာရေးအသိပညာပေး သတင်းစကားများ၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အကျင့် များသည် ကျောင်းသားလူငယ်များမှတဆင့် ပြည်သူလူထုအတွင်းသို့ ရောက်ရှိသည့်အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းအား တစ်မျိုးသားလုံး၏ ကျန်းမာရေး အဆင့်အတန်း မြင့်မား စေရန် ဦးတည်ပြီး ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များ၏ ကျန်းမာရေး ပြည့်စုံကောင်းမွန်နေရုံသာမက ဗလငါးတန် ပြည့်စုံသည့် လူငယ်များမွေးထုတ်နိုင်ရန်အတွက် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၊ အခြားနှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများနှင့် မိဘပြည်သူလူထု တို့ပူးပေါင်းပြီး ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းကျန်းမာရေး သီတင်း ပတ်လှုပ်ရှားမှု များအထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးပြီး မုံရွာပညာရေးလေ့ကျင့်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ကျောင်းကျန်းမာရေးသီချင်းဖြင့် သရုပ်ပြသီဆိုဖျော်ကာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက ဂုဏ်ပြုချီးမြှင့်ငွေအား ပေးအပ်ချီးမြှင့် ခဲ့သည်။ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများ အား သန်ချဆေးများတိုက်ကျွေးကြပြီး အဟာရဖြည့်စွက်အစာများနှင့် သွားတိုက်ဆေးများ အသီးသီးပေးဝေခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများအထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုအား ပေးခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



