၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းမြို့၊ရတနာစေတီဆင်များရှင်ဘုရားဗုဒ္ဒါဘိသေကအနေကဇာတင်ရေစက်ချမင်္ဂလာအခမ်းအနားနှင့်သီတဂူအဓိပတိဆရာတော်မဟာရဌဂုရု၊ဘဒ္ဓန္တအရှင်ဉာဏိဿရဆရာတော်ကြီး၏သက်တော်(၈၅)ပြည့်မွေးနေ့အလှူတော်ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီးတက်ရောက်
မုံရွာ မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်ဘုရား ဗုဒါဘိသေက အနေကဇာတင် ရေစက်ချမင်္ဂလာ အခမ်းအနားကို မတ်လ(၁၆)ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင် စေတီတော်ကြီးရှိ ဓမ္မာရုံတော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းမြို့၊ သီတဂူအဓိပတိဆရာတော် မဟာရဌဂုရု၊ ဘဒ္ဓန္တအရှင်ဉာဏိဿရ ဆရာတော်ကြီး နှင့် ပင့်သံဃာဆရာတော်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး ဒေါ်မြင့်မြင့်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ အလှုရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ စစ်ကိုင်းမြို့၊ သီတဂူအဓိပတိဆရာတော် မဟာရဌဂုရု၊ ဘဒ္ဓန္တအရှင်ဉာဏိဿရ ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်များမှ စစ်ကိုင်းမြို့ရှိ ရတနာစေတီဆင်များရှင် ဘုရား ဗုဒါဘိသေက အနေကဇာတင်ပူဇော်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များမှ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား အာရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး စစ်ကိုင်းမြို့ရှိ ရတနာစေတီဆင်များရှင်ဘုရား ဗုဒါဘိသေက အနေကဇာတင်ရေစက်ချ မင်္ဂလာအခမ်းအနားကိုကျင်းပရာ နမောသဿသုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်းမြို့၊ သီတဂူအဓိပတိဆရာတော် မဟာရဌဂုရု၊ ဘဒ္ဓန္တအရှင်ဉာဏိဿရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတာ်၊သံဃာတော်များထံ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက လှူဘွယ်ပစ္စည်းများ အသီးသီးဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် စစ်ကိုင်းမြို့၊ ရတနာစေတီဆင်များရှင်ဘုရား ငွေပဒေသာပင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အလှူရှင်များက ပေးအပ်လှူဒါန်းကြပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ်သိန်းတစ်ရာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်မှ ဂေါပကအဖွဲ့ ဥက္ကဌထံ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းမြို့၊ သီတဂူအဓိပတိဆရာတော် မဟာရဌဂုရု၊ ဘဒ္ဓန္တအရှင် ဉာဏိဿရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဇနီး ဒေါ်မြင့်မြင့်အောင်နှင့် တာဝန်ရှိသူများသည် မတ်လ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရတနာစေတီ ဆင်များရှင်ဘုရား ရင်ပြင်တော်ပေါ်တွင် ကျင်းပသော စစ်ကိုင်းမြို့၊ သီတဂူအဓိပတိဆရာတော် မဟာရဌဂုရု၊ ဘဒ္ဓန္တအရှင် ဉာဏိဿရ ဆရာတော်ကြီး၏ သက်တော်(၈၅)ပြည့် မွေးနေ့အလှူတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ သို့ တက်ရောက်ကြသည်။
ရှေးဦးစွာ သီတဂူအဓိပတိဆရာတော် မဟာရဌဂုရု၊ ဘဒ္ဓန္တအရှင်ဉာဏိဿရ ဆရာတော် ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက စစ်ကိုင်း တောင်မြို့ရှိ ကျောင်းတိုက်များမှ သံဃာတော်အပါးများအား အလှူရှင်များမှ ဆွမ်းဆန်စိမ်း လောင်းလှူနေမှုများအား လှည့်လည်ကြည့်ရှုအားပေး ကြည်ညိုကြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဇနီး ဒေါ်မြင့်မြင့်အောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ သံဃာတော်၊ အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသော ၂၀၂၂-ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်အပ်နှင်းခြင်း မဟာမင်္ဂလာအခမ်းအနားတက်ရောက်
မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၂-ခုနှစ်၊ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းခြင်း မဟာမင်္ဂလာ အခမ်းအနားကို မတ်လ(၁၆)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မဟာစည်းခုံကြီးစေတီတော်မြတ်ကြီးရှိ သာသနာ့ဗိမ္မာန် တော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး ဒေါ်မြင့်မြင့်အောင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တပ်မတော်အရာရှိများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်းမြို့၊ ပံသုကူကျောင်းတိုက်၊ ပဓာနနာယက၊ စစ်ကိုင်းတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဒုတိယဥက္ကဌ ဆရာတော် ဘဒ္ဒန္တသုစိတ္တ ထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်၊ မဟာဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရဆရာတော်ဘဒ္ဒန္တတေဇနိယမှ သမ္မောနီယသြဝါဒကထာ မြွတ်ကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးဒေါ်မြင့်မြင့်အောင်တို့က တာဝန်ရှိသူများနှင့်အတူ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ဘွဲ့တံဆိပ်တော်နှင့်လှူဘွယ် ဝတ္တုပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြပြီး စစ်ကိုင်းမြို့၊ ရတနာဓူဝံကျောင်းတိုက် ပဓာနနာက၊ စစ်ကိုင်းတိုင်းဒေသကြီး သံဃနာယကအဖွဲ့(ရွှေကျင်)ဥက္ကဌ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဇောတိက ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၂၂-ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် အပ်နှင်းခြင်း မဟာမင်္ဂလာအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ရရှိတော်မူခဲ့သော အဂ္ဂမဟာပဏ္ဍိတ(၁)ပါး၊ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ(၄)ပါး၊ အဂ္ဂမဟာ သဒ္ဓမ္မဇေတိကဓဇ (၃)ပါး၊ အဂ္ဂမဟာကမ္မဌာနာစရိယ(၁)ပါး စုစုပေါင်း ဆရာတော်ကြီး(၉)ပါးတို့သည် နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ တစ်ပြိုင်နက် လှူဒါန်းအပ်နှင်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှကျန်ရှိသော သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆရာတော်ကြီး (၁၂)ပါး၊ သီလရှင်ဆရာကြီး (၇) ပါး၊ ချင်းပြည်နယ်မှ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၂)ပါး၊ စုစုပေါင်း(၂၁)ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



