၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစား ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ် ခြင်းအခမ်းအနား တက်ရောက်
မုံရွာ၊ ဒီဇင်ဘာ ၂၂
နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာန ဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင် ရေးနှင့် စားသောက်ရေးများအဆင်ပြေစေရန်အတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေး ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များပေးအပ်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြု လုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး မိခင် နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ အရာထမ်း /အမှုထမ်းနှင့် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် အငြိမ်းစားဝန်ထမ်းများအား နံနက်စာကော်ဖီနှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက တိုင်းဒေသကြီး အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံမိတ် ဆက်စကားများ ပြောကြားကာ တာဝန်ရှိသူများနှင့်အတူ အငြိမ်းစားဝန်ထမ်း ၈၅၀ ဦးအား အဟာရ ဖြည့်စွက်စာကြက်ဥများအား လက်ရောက်ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း၌ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ဆီးချို/သွေးချို ရောဂါ၊ သွေးတိုးရောဂါ၊ အကြောနာအကြောတက်ရောဂါ၊ နှလုံးရောဂါ၊ ချောင်းဆိုးရင် ကြပ်ရောဂါများအား စစ်ဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမ ဝန်းအတွင်း၌ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အငြိမ်းစားဝန်ထမ်းများအား အခြေခံစား သောက်ကုန်များဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက် သာစွာဖြင့် ရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
အဆိုပါ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေး ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်းအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၈)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကန့်ဘလူမြို့နယ်တွင် ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားများ တက်ရောက်၊ မြို့ဖွံ့ဖြိုး ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု
မုံရွာ၊ ဒီဇင်ဘာ ၂၁
(၇၈)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူ မြို့နယ်၊တောက္ကရှပ်-မင်းကုန်းကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင် ဘာလ ၂၁ ရက်၊ နံနက်ပိုင်းက ကျင်းပရာ အခမ်း အနားသို့တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ကျေးရွာနေပြည်သူ များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် အများပြည်သူလူထု၏ အကျိုးလုပ်ငန်းများဖြစ်သည့်လမ်း ပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ မြို့သန့်ရှင်းသာယာလှပရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး စသည့် လုပ်ငန်းများအပြင် အခြားသောဖွံ့ဖြိုးရေး အထောက်အကူပြု လုပ်ငန်းများအား ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ကျေးရွာနေပြည်သူ များကလည်း မိမိကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများအား တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကန့်ဘလူခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက တောက္ကရှပ်-မင်းကုန်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်း ခင်းကျင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းပြောကြားပြီး ကျေး ရွာနေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချို၊ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကိုကိုလိူင်၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး နှင့်ကျေးရွာနေပြည်သူတစ်ဦးတို့က တောက္ကရှပ်-မင်းကုန်း ကျေးရွာချင်းဆက်လမ်း ကွန် ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေ သကြီးအစိုးရအဖွဲ့ အတွင်းရေး မှူးတို့က ကွန်ကရစ် လမ်းဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့သည့် ဘင်ခရာအဖွဲ့နှင့် ဒိုးပတ်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ အဆိုပါဖွင့်ပွဲမခ်ဦးရှေ့တွင် အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကာ “တောက္ကရှပ်-မင်းကုန်း”ကွန်ကရစ်လမ်းအား ဖြတ်သန်းကြည့်ရှုခဲ့ကြပြီး ကျေးရွာနေပြည်သူများအား ရင်း ရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ကွန်ကရစ်လမ်းသည် အရှည် ၁၆၈၂ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မဖြစ်ပြီး ခရိုင်၊ ကျေး လက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “အောင်သစ္စာ” ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ရာဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချို၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဦးကိုကိုလှိုင်နှင့် မြို့မိမြို့ဖတစ်ဦးတို့က “အောင်သစ္စာ” ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်း အနားတွင် ပါဝင်ကူညီခဲ့သည့် ဒိုးပတ်အဖွဲ့နှင့်အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ အဆိုပါဖွင့်ပွဲမုခ်ဦးရှေ့တွင် အမှတ်တရ စုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးကာ “အောင်သစ္စာ” ကွန်ကရစ်လမ်းအား ဖြတ်သန်းကြည့် ရှုခဲ့ကြပြီး ရပ်ကွက်နေပြည်သူများ အားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီးအခမ်း အနားသို့ တက်ရောက်လာသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးခဲ့သည်။
အဆိုပါ ကွန်ကရစ်လမ်းသည် အရှည် ၅၂၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မဖြစ်ပြီး မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့အမှတ်(၄) ရပ်ကွက်ရှိ “မဟာဗန္ဓုလ” ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များအား တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စေတနာအားသိရှိနားလည်ပြီး ကန့်ဘလူမြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာ လှပရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြော ကြားခဲ့သည်။
ယင်းနောက် ကန့်ဘလူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက “မဟာဗန္ဓုလ” ကွန်ကရစ်လမ်းခင်းကျင်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့မှု အခြေအနေများ အား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချို၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးသစ်ထူးမြင့်၊ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကိုကိုလိူင်နှင့် မြို့မိမြို့ဖတစ်ဦးတို့က “မဟာဗန္ဓုလ” ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကွန်ကရစ်လမ်းဖွင့်ပွဲအခမ််းအနား တွင်ပါဝင်ကူညီခဲ့သည့် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး တာဝန် ရှိသူများနှင့်အတူ အဆိုပါ ဖွင့်ပွဲမခ်ဦးရှေ့တွင် အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူး ကာ “မဟာဗန္ဓုလ” ကွန်ကရစ်လမ်းအား ဖြတ်သန်းကြည့်ရှုခဲ့ကြပြီး ရပ်ကွက်နေပြည်သူ များအားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက် လာသူများ အား နံနက်စာများဖြင့် ဧည့်ခံကျွေးခဲ့ကြသည်။
အဆိုပါ ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ “မဟာဗန္ဓုလ” ကွန်ကရစ်လမ်းသည် အရှည် – ၄၄၀ ပေ၊ အကျယ် – ၁၂ ပေ၊ ထု ၉ လက်မဖြစ်ပြီး မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ အမှတ်(၂) ရပ်ကွက်ရှိ ဂါမဏိစည်သူလမ်း အရှည်- ၇၀၀ ပေ၊ အကျယ် – ၁၂ ပေ၊ ထု ၉ လက် မ၊ ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ မာဃလမ်းသွယ်(၅) အရှည်- ၅၅၀ ပေ၊ အကျယ် – ၁၂ ပေ၊ ထု ၉ လက်မ၊ ကွန်ကရစ်လမ်းညခင်းကျင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



