၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် MSME စီးပွားရေးလုပ် ငန်းရှင်များ၊ ကိုယ်ပိုင်ကျောင်းများ၊ ပုဂ္ဂလိကဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ ဆန်၊ဆီ ကုန် သည်ကြီးများအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ အခမ်းအနား တက် ရောက်
မုံရွာ၊ ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ MSME စီးပွားရေးလုပ်ငန်းရှင်များ၊ ကိုယ်ပိုင် ကျောင်းများ၊ ပုဂ္ဂလိကဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ ဆန်၊ဆီ ကုန်သည်ကြီးများအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ အခမ်းအနား ဒီဇင်ဘာလ ၁၈ ရက်၊ မွန်းလွဲပိုင်း တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်သူရ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ MSME စီးပွားရေးလုပ်ငန်းရှင်များ၊ ကိုယ်ပိုင်ကျောင်းများ၊ ပုဂ္ဂလိ ကဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ ဆန်၊ဆီ ကုန်သည်ကြီးများအသင်းနှင့် ရပ်ကွက်အုပ် ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ဌာနဆိုင်ရာများအနေဖြင့် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ပေးနေမှု၊ နိုင်ငံ့စီးပွားမြှင်တင်ရေးရန်ပုံငွေများဖြင့် MSME လုပ်ငန်း များဆောင်ရွက်နေမှု၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက် သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြား သည်။
ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်သူရက ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသူများက မိမိတို့လုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် ပံ့ပိုးဖြည့်ဆည်း ပေးရန် လိုအပ်ချက်များအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာများက မိမိတို့ဌာနများအလိုက် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည့် အခြေ အနေများအား ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချင်းတွင်းခန်းမအနီး ကျင်းပပြုလုပ်သည့် မုံရွာမြို့ပေါ်ရှိ ဝန်ထမ်းများနှင့် ပြည် သူများ MSME ထုတ်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ် ဆောင်ရွက်သည့် တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများမှထွက်ရှိသည့် ကုန်ပစ္စည်း များ၊ လူသုံးကုန်များ၊ အစားအသောက်များ၊ အဝတ်အထည်များနှင့် ဒေသထွက်ကုန်များ ပြပွဲနှင့်ဈေးရောင်းပွဲသို့ ရောက်ရှိရာ ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လာရောက် ပြသရောင်းချကြသည့် MSME လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရ သည်။



မုံရွာမြို့တွင် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက် ကမ်းစာစောင်နှင့် စတစ်ကာဖြန့်ဝေခြင်းများ ဆက်လက်ဆောင်ရွက်
မုံရွာ၊ ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့တွင် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက် ကမ်းစာစောင်များဖြန့် ဝေခြင်း ၊ မော်တော်ယာဉ်များ အား စတစ်ကာများ ကပ်ခြင်းတို့ကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီ အချိန်က မုံရွာမြို့ ကျောက္ကာ လမ်းမကြီး ၊ ပြည်သု့ဥယျာဉ်ရှေ့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိ ပညာပေးလက် ကမ်းစာစောင်များဖြန့် ဝေခြင်း ၊ မော်တော်ယာဉ်များ အား စတစ်ကာများ ကပ်ခြင်းတို့ကို ဆက်လက် ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက် ကမ်းစာစောင်များဖြန့် ဝေခြင်း ၊ မော်တော်ယာဉ်များ အား စတစ်ကာများ ကပ်ခြင်းတို့ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ နှင့် အဖွဲ့ဝင်များသည် ကျောက္ကာလမ်းပေါ်တွင် သွားလာနေကြသော မော်တော်ယာဉ်များအားစတစ်ကာများ ကပ်ခြင်း၊ ခရီးသွားပြည်သူများအား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လှုံ့ဆော်မှုများကို စစ်ကိုင်းတိုင်း ဒေသကြီးအစိူရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ခရိုင်အလိုက် ၊ မြို့နယ်အလိုက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။













သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



