slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ၊ နိုဝင်ဘာ ၂၈

အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များ ဈေး ရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေ သကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ဥယျာဉ်တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ မြို့မိမြို့ဖများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ထုတ်ကုန်များဈေး‌ရောင်းပွဲတော်သည် မိမိတို့တိုင်းဒေသ ကြီးအတွင်းမှ စီးပွားရေးလုပ်ငန်းထုတ်ကုန်များ၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု(One Region One Product – OROP)ထုတ်ကုန်များ ပါဝင်ပြသရောင်းချသွားမည်ဖြစ်ပါ ကြောင်း၊ ဒေသတွင်း MSME ထုတ်ကုန်ဈေးရောင်းပွဲကျင်းပခြင်းသည် MSME လုပ်ငန်းများ အတွက် ဈေးကွက်ဝင်ရောက်ရေး၊ ဝင်ငွေတိုးတက်ရေး၊ အမှတ်တံဆိပ်တည်ဆောက်ရေး နှင့်ဗဟုသုတရရှိရေးတို့အတွက် ထိရောက်သည့် ချိတ်ဆက်မှုတစ်ခုဖြစ်ပြီး ဒေသတွင်းစီး ပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အရေးပါသည့် ခြေလှမ်းတစ်ခုဖြစ်ပါကြောင်း၊ ဒေသတွင်း MSME ထုတ်ကုန်ဈေးရောင်းပွဲများသည် လုပ်ငန်းရှင်များအတွက်သာမက ပြည် သူလူထုတစ်ရပ်လုံးအတွက်ပါ များစွာအကျိုးကျေးဇူးရှိပါကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးလာပါက ဒေသခံများ၏ ဝင်ငွေတိုးတက်ကာ လူနေမှုအဆင့်အတန်းမြင့်မားလာပြီး ဆင်းရဲနွမ်းပါးမှုကိုလျှော့ချနိုင်ပြီး MSME များစွာသည် လူငယ်နှင့်အမျိုးသမီးများ ဦးဆောင် သည့် လုပ်ငန်းများဖြစ်သည့်အတွက် ၎င်းတို့၏စီးပွားရေးပါဝင်မှုကို အားပေးပြီး လူငယ်နှင့် အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ခြင်းကို အားပေးပြီးသား ဖြစ်စေပါကြောင်း၊ ဈေးရောင်း ပွဲတော်သို့လာရောက်ပြသရောင်းချကြသည့် လုပ်ငန်းရှင်များနှင့်ဝန်ထမ်းများ၊ ပြည်သူအား လုံးကို မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် MSME ကုန်ထုတ်လုပ်ငန်းများ ရေရှည်တိုးတက်အောင်မြင်အောင် တာဝန်ရှိသူအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စီးပွားရေး ရာဝန်ကြီး ဒေါ်ရီရီသန်း၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကိုကိုလွင်၊ တိုင်းဒေသကြီး MSME အေဂျင်စီ အတွင်းရေးမှူး ဦးစိုးနိုင်၊ ဆီကုန်သည် ကြီးများအသင်း ဥက္ကဌ ဦးကျော်မင်းထက်တို့က အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြ သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ မုခ်ဦးရှေ့ တွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာ သူများအား နံနက်စာများဖြင့် ဧည်ခံကျေးမွေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ပြည်သူ့ ဥယျာဉ်ရင်ပြင်၌ ခင်းကျင်းပြသရောင်းချနေသည့် မုံရွာမြို့ စက်မှုဇုန်မှထုတ်လုပ်သည့် လယ်ယာသုံးထွန်စက်ကြီးများ၊ လက်တွန်းထွန်စက်များ၊ ဌာနဆိုင်ရာ ဈေးဆိုင်ခန်းများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှထွက်ရှိသည့် ဒေသထွက်ကုန်များ၊ အဝတ်အထည် များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များ၊ အိမ်သုံးအလှဆင်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာပစ္စည်းများ၊ တိုင်းရင်းဆေးများ၊ မွေးမြူရေးထုတ်ကုန်အရောင်းပြခန်းများနှင့် စား သောက်ဆိုင်ခန်း စုစုပေါင်း(၉၈)ခန်းကျော်ဖြင့် ပြသရောင်းချနေမှုများအား လိုက်လံကြည့် ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ကာ ဈေးရောင်းပွဲတော်သို့ လာရောက်ကြသည့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ တက္က သိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများနှင့် မြို့နေပြည်သူများအား ရင်း ရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော်အား မုံရွာမြို့၊ ပြည်သူ့ဥယျာဉ်အတွင်း၌ ဈေးဆိုင်ခန်းပေါင်း ၉၈ ခန်း ကျော်နှင့် ကလေးကစားကွင်းများဖြင့် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့ အထိ ပြသရောင်းချသွားမည်ဖြစ်ပြီး နိုင်ငံကျော်အဆိုတော်မှ တေးသီချင်းများဖြင့် ဧည့်ခံသီ ဆိုဖျော်ဖြေသွားမည်ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသ ကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၁၀/၂၀၂၅)သို့ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားအမွေအနှစ်၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အရင်း အမြစ်များအား ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန်နှင့် ဒေသခံပြည်သူလူထု အကျိုးရှိစေမည့် လုပ်ငန်းများအားလုပ်ဆောင်ရင်း ခရီးသွားလုပ်ငန်းဖြင့် လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြော ကြားသည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက ခရီးသွား လုပ်ငန်းကော်မတီ (၉/၂၀၂၅)၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိ မှုနှင့်ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဇုန်များ၌ သန့်ရှင်းသပ်ရပ်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ ခရီးသွားများသွားလာရေး၊နေထိုင်ရေးနှင့် ဟိုတယ် /တည်းခိုရိပ်သာများပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု များအား လည်းကောင်း၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးရန် လိုအပ်မှုအခြေ အနေများအား လည်းကောင်း အသီးသီးအကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

20251201 09

20251201 09

20251201 09

20251201 09

20251201 09

20251201 09

စစ်ကိုင်းတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးအမှတ်စဉ် (၂/၂၀၂၅) ကျင်းပ

မုံရွာ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးအမှတ်စဉ် (၂/၂၀၂၅) ကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က စစ်ကိုင်းတိုင်း‌ ဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီ သန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦး‌ခင်မောင်ချို နှင့် ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီ သန်းက မိမိတို့ အဖွဲ့ အနေဖြင့် ဆန်စပါးနှင့်ပတ်သက်သည့် အခက်အခဲများအား စုပေါင်းဖြေရှင်းနိုင်ပြီး တောင်သူလုပ်ငန်းရှင်များ ဆန်စပါးထုတ်လုပ်တင်ပို့ရောင်းချမှု တိုးတက် ဖွံ့ဖြိုးရေး ၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ ပေး ချေနိုင်ရေး နှင့် လိုအပ်သည့် အခက်အခဲများအား အဖွဲ့ဝင်များက ကျရာနေရာ ၊ ကျရာကဏ္ဍများမှ ဆောင်ရွက်ပေး နိုင်ရေး အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦး‌ခင်မောင်ချိုက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှ ထွက်ရှိသော ရွှေဘိုပေါ်ဆန်းအိတ်ရေ (၅၀၀၀) တင်ပို့ ရောင်းချမည့် လုပ်ငန်းအစီအစဉ်များအားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ကိုယ်စား ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ အခြားသော တိုင်းဒေသကြီး ပြည်နယ် များငို့ ဆန်တင်ပို့ရောင်းချနိုင်မှု၊ မြန်မာ ဆန်စပါး အွန်လိုင်းMyRo တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ထားရှိမှု အခြေအနေများနှင့် အမှာစာများအားရှင်းလင်း တင်ပြသည်။

ထို့နောက် ရွှေဘိုမြို့နယ် ဆန်ကုန်သည်အသင်း ဥက္ကဌ ဦးလှသိန်းက ရွှေဘိုပေါ်ဆန်း အိတ်ရေ (၅၀၀၀) တင်ပို့နိုင်ရေး မြေပြင်အခြေအနေ ဆောင်ရွက် ထားရှိမှုများအားရှင်းလင်းတင်ပြပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေ များကို ဖြည့်စွက် ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တင်ပြချက်များအပေါ် စစ်ကိုင်းတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီ သန်းက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

20251201 16

20251201 16

20251201 16

20251201 16

20251201 16

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.