၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှု မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအန
မုံရွာ၊ မတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် မတ်လ ၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ရပ်ကွက်နေပြည်သူများ စိတ်အေး ချမ်း သာစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ကုက္ကိုလ်လမ်း မှပိတောက်လမ်းအထိ ပြည်ထောင်စုလမ်း ရထားသံလမ်းတစ်လျှောက်အား မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ဦးကျော်ဖြင့် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင် ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများမှဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား တိုင်းဒေသကြီးစားသုံး သူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ စားသုံးဆီများ၊ ဆန်များနှင့်ဟင်းသီးဟင်းရွက်များအား ဈေး နှုန်းသက်စွာဖြင့် ရောင်းချပေးနေမှုများအား ကြည့် ရှုအားပေးခဲ့ကြပြီးသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေး မွေးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၃၀၀ ဦး ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ရေစီးရေလာ ကောင်းမွန်စေရန်အတွက် မုံရွာ-ရေဦးကား လမ်းမပေါ်ရှိ အနောက်ဘက်ကန်သာယာကန်မှ အောင်ချမ်းသာရပ်ကွက် မုံရွာဂေါက်ကွင်းအထိ အရှည် -၄၂၀၀ ပေအား အကျယ် ၄ ပေရှိ အုတ်စီရေမြောင်းနှင့် လမ်းဘေးဝဲ/ယာ ကွန်ကရစ် ခင်းခြင်း၊ ကပ်တုံးပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု များအပေါ် စေတနာထားကာ ရပ်ကွက်နေပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားရေး၊ လုပ်ငန်းများစံချိန်စံညွှန်းမီစွာဖြင့် တည်ဆောက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ ပြည်သူများအား စက်သုံးဆီများကို သတ်မှတ်စည်းကမ်း များနှင့်အညီ စနစ်တကျခွဲဝေရောင်းချသွားရေး၊ စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီ များအား ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချသွားရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ် ငန်းများ ကြိုတင်ဆောင်ရွက်သွားရေးတို့အား တာဝန်ရှိသူများကို မှာကြားကာ စက်သုံးဆီများ စနစ်တကျရောင်းချပေးနေမှုများအား ကြည့်ရှုခဲ့ကြပြီး စက်သုံးဆီလာရောက်ဝယ်ကြသည့် ပြည်သူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နိုင်ငံတော်အနေ ဖြင့် ပြည်သူများစက်သုံးဆီ လုံလောက်စွာ သုံးစွဲနိုင်ရန်စီမံထားရှိမှုနှင့် ပြည်သူများအနေဖြင့် သတ်မှတ်စည်းကမ်းများအား လိုက်နာကာ ဝယ်ယူသွားရေးတို့အား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်း အဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးဒေါ်မြင့်မြင့်အောင်က အမှာစကားပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ပေးပို့သည့် Video Clip ကြည့်ရှုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌတို့မှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ဒေသ အမျိုးသမီးရေးရာ အဖွဲ့များအား ၂၀၂၅-ခုနှစ်၊ လုပ်ငန်းဆောင်ရွက်ချက် ဂုဏ်ပြုဆုလက်မှတ်များနှင့် ငွေသားဆုများအား ပေးအပ်ချီးမြင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဆုရရှိကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ခန်းမအတွင်းခင်းကျင်းပြသထားသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့မှု မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။










(၈၁)နှစ်မြောက်၊ တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာ ဖွင့်ပွဲအခမ်အးနား ကျင်းပ
မုံရွာ မတ်၊ ၆
(၈၁)နှစ်မြောက်၊ တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ မြေဧက ၃.၉၂ ဧကအကျယ်၌ တည်ဆောက်ခဲ့ သည့် မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာ ဖွင့်ပွဲအခမ်အးနားကို မတ်လ ၆ ရက်၊ နံနက် ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မုံရွာမြို့၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း(အလုံ)မှ ဘင်ခရာ/ပန်းပွားအဖွဲ့၏ တီးမှုတ်ကပြ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးတင့်ဇော်တို့က မော်တော် ယာဉ်ရောင်းဝယ်ရေးစင်တာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသည့် ဘင်ခရာ/ပန်းပွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့် ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါ မုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မော်တော် ယာဉ်ရောင်းဝယ်ရေးစင်တာအတွင်းရှိ မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ် အရောင်း ဆိုင်များ၊ အပိုပစ္စည်းဆိုင်များ၊ ကားအလှဆင်ပစ္စည်းအရောင်းဆိုင်များ၊ ရေဆေးဆီလိုက် လုပ်ငန်းဆိုင်များ၊ စားသောက်ဆိုင်များ ခင်းကျင်းပြသရောင်းချနေမှုများနှင့် ရောင်းချမည့် မော်တော်ယာဉ်များအား လိုက်လံကြည့်ရှုခဲ့ကြပြီး လုပ်ငန်းရှင်များအား ရင်းရင်းနှုတ်ဆက် ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာ ဖွင့်ပွဲ ဒုတိယပိုင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာမြို့သည် ချင်းတွင်းမြစ်၏ အရှေ့ဘက်တွင်ရှိသည့် ဆိပ်ကမ်းမြို့ဖြစ်ပြီး အထက်ချင်းတွင်းဒေသများအတွက် အဓိက ကုန်စည်စီးဆင်းရာ မြို့တစ်မြို့လည်းဖြစ်ပါကြောင်း၊ ရေကြောင်းလမ်း လေကြောင်းလမ်း မီးရထားလမ်း ကုန်းလမ်းများအားလုံး အသုံးပြုနိုင်သည့်အတွက် ရေယာဉ်လိုင်း (၂၄)လိုင်း၊ မော်တော်ယာဉ်လိုင်း(၉၀)လိုင်းရှိပြီး လမ်းပန်းဆက်သွယ်မှုကောင်းမွန်သည့် မြို့တစ်မြို့လည်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူများအပန်းဖြေ အနားယူနိုင်စေရန်အတွက် မုံရွာမြို့ပေါ်ရှိ အထင်ကရနေရာများအား ပြန်လည်ပြုပြင် အဆင့်မြှင့်တင်ပေးခြင်း၊ နေရာသစ်များဖော်ဆောင်ပေးခြင်းလုပ်ငန်းများအား ဌာနဆိုင် ရာများ၊ ပြည်သူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုလို မော် တော်ယာဉ်ရောင်းဝယ်ရေးစင်တာ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ခြင်းဖြင့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် ပတ်သက်၍ ယာဉ်ပြင်ဆင်မှုများပြုလုပ်ခြင်း၊ ဆက်စပ်ပစ္စည်း များဝယ်ယူခြင်း၊ မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များ အသစ်ဝယ်ယူခြင်းနှင့် ယာဉ် များရေဆေးဆီလိုက်ပြုလုပ်ခြင်းတို့အား တစ်နေရာတည်းတွင် အဆင်ပြေစွာဆောင်ရွက် နိုင်တော့မည် ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိ၏မြို့အား အစဉ်သန့်ရှင်း သာယာစိမ်းလန်းကာ အမြဲလှပဖွံ့ဖြိုးတိုးတက်နေသည့် မြို့တော်ကြီးဖြစ်အောင် တာဝန်ရှိ သူများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အမှုဆောင်အရာရှိ ဦးထွန်းထွန်းက မော်တော်ယာဉ်ရောင်းဝယ်ရေးစင်တာ တည်ဆောက်ခဲ့မှုလုပ်ငန်းအခြေ အနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်း အနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှုတ်ဆက်ခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



