slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားနှင့် တိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ညှိနှ

မုံရွာ၊ မေ ၁၄

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များ အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို မေလ ၁၄ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိများနှင့်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ရည်မှန်းချက်တာဝန်(၄)ရပ်နှင့် မှုခင်းကျဆင်းရေးလုပ်ငန်းစဉ်(၅)ရပ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အပြင် “နိုင်ငံတော်တွင်အရေးကြုံတိုင်း နောင် တော်တပ်မတော်နှင့်အတူ တစ်စိတ်တစ်ဝမ်းတည်းကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ ဖြစ်သည်”ဟူသည့် မူဝါဒနှင့်အညီ တပ်မတော်နှင့်ပူးပေါင်း၍ နယ်မြေလုံခြုံရေး၊ စစ်ဆင်ရေးများကိုလည်း အသက်ကိုပဓာနမထားဘဲဆောင်ရွက်နေရသည့်အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယခုလို ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ရခြင်း ဖြစ်ပါကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့အားပေးအပ်ထားသည့် တာဝန်များအား အလေးထားလိုက်နာပြီး လုံခြုံရေးတာဝန်များအား စွမ်းစွမ်းတမံဆောင်ရွက်ကာ အဂတိတရားကင်းရှင်း စွာဖြင့် အမှန်တရားအတွက် စွန့်လွတ်စွန့်စား ကြိုးပမ်းဆောင်ရွက်ပြီး ပြည်သူလူထု၏လို အပ်ချက်များအား ဥပဒေနှင့်အညီ ကူညီဆောင်ရွက်သွားကြရန်နှင့် အမိနိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ပေးအပ်သည့်တာဝန်များအား ဦးလှည့်မသုန် ထမ်းရွက်နိုင်သည့် ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် အစဉ်ကြိုးပမ်းသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စွမ်းစွမ်း တမံဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နိုင်လင်းက တိုင်းဒေသကြီး အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက် နေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကအခမ်းအနားသို့ တက်ရောက်လာကြသည့် တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စားဝတ်နေရေး သက်သာချောင်ချီရေးအတွက် ရာသီသီးနှံစိုက်ခင်းများ စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက တိုင်းဒေသကြီး စက်သုံးဆီကြီးကြပ်ရေးအဖွဲ့များ၊ စက်သုံးဆီကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့တိုင်းဒေ သကြီးအတွင်း စက်သုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် စနစ်တကျမှန်မှန်ကန်ကန် ခွဲဝေသယ်ဆောင်ဖြန့်ဖြူးရောင်းချသွားရေး၊ စက်သုံးဆီများအား အမှန်တကယ်သုံးစွဲမည့် နိုင်ငံ့ ဝန်ထမ်းများနှင့် ပြည်သူများလက်ဝယ် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း မှန်ကန်စွာ ရောင်းချသွားရေးနှင့်စက်သုံးဆီကြီးကြပ်ရေးအဖွဲ့များနေဖြင့်လည်း ကိန်းဂဏန်းများ မှန်ကန် မှုရှိစေရေး တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ စက်သုံးဆီလုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီး အတွင်း စက် သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက် လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

20260515 13

20260515 13

20260515 13

20260515 13

20260515 13

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ၂၀၂၆-ခုနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော် လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ မေ ၁၃

၂၀၂၆-ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို မေလ ၁၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနုဆိုင်ရာများ၊ မုံရွာမြို့ ပေါ်ရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား/ကျောင်းသူများ၊ ဘော်လီဘောပြိုင်ပွဲဝင်အသင်း အုပ် ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်ဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ၂၀၂၆-ခုနှစ်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စစ်ကိုင်းမြို့နယ်အသင်းနှင့် ကန့်ဘလူမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြရာ စစ်ကိုင်းမြို့နယ်အသင်းမှ ကန့်ဘလူမြို့နယ်အသင်းအား ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိသွားသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် စည်ပင်သာယာရေးဝန်ကြီးတို့က ပွဲစဉ် တစ်လျှောက် အကောင်းဆုံးဆုရ အမျိုးသား၊ အမျိုးသမီး အားကစားသမားများအား ဆုတံ ဆိပ်နှင့်ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အမျိုးသမီး တတိယဆုရ စစ်ကိုင်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် – ၂ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက အမျိုးသား တတိယဆုရ ဆားလင်းကြီးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေ ကျပ် – ၂ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌက အမျိုးသမီး ဒုတိယဆုရ မုံရွာမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် – ၃ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က အမျိုးသား ဒုတိယဆုရ ကန့်ဘလူမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် – ၃ သိန်းအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသမီး ပထမဆုရ ချောင်းဦးမြို့နယ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေကျပ် – ၅ သိန်း၊ တံခွန်စိုက်ဆုနှင့် အမျိုး သား ပထမဆုရ စစ်ကိုင်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေကျပ် – ၅ သိန်းနှင့် တံခွန်စိုက်ဆုအား လည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးနှင့် တာဝန်ရှိသူများက ဆုရဘော်လီဘော အားကစား သမားနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

20260515 07

20260515 07

20260515 07

20260515 07

20260515 07

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.