၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်နည်းသင်တန်းဆင်းပွဲနှင့် ၁၃၈၇-ခုနှစ်၊ သီတင်း ကျွတ်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး တက်ရောက်
မုံရွာ၊ စက်တင်ဘာ ၂၉
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ် ငန်းဦးစီးဌာနမှ ဖွင့်လှစ်လျှက်ရှိသည့် ပုံမှန်ကာလတိုအသက်မွေးဝမ်း ကျောင်း သင်တန်းများထဲမှ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery)အမျိုးမျိုး ထုတ်လုပ်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ လ ၂၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးရှိ Incubation Centre တွင် ကျင်းပရာ သင် တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်း ပြများနှင့် သင်တန်းသား/သူ များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုလိုသင်တန်းများ ဖွင့် လှစ်သင်ကြားပေးခြင်းအားဖြင့် လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့် အလမ်းများလည်း ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ သင် တန်းသား/သင်တန်းသူများအနေဖြင့်လည်း မိမိတို့သင်ယူခဲ့သည့် ပညာရပ်များအား အသုံးချပြီးကိုယ်ပိုင်လုပ်ငန်းများထူထောင်လုပ်ကိုင်သွားပါက နိုင်ငံတော်၏ MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သွင်းကုန်အစားထိုး ပို့ကုန်အမယ်များ မြှင့်တင်ခြင်းကိုလည်း အထောက် အကူပြုမည် ဖြစ်ပါကြောင်းနှင့် သင်တန်းမှပို့ချပေးလိုက်သည့် သင်တန်းစာများ အားလက်တွေ့ပြန်လည်အသုံးချပြီး အောင်မြင်သည့် လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက တန်ဖိုးမြှင့်စားသောက်ကုန် (Bakery)အမျိုးမျိုး ထုတ်လုပ်နည်းပညာသင်တန်းသို့ တက်ရောက်ခဲ့ကြ သည့် သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးထံ သင်တန်းဆင်း လက်မှတ်များပေးအပ်ပြီး တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးက သင်တန်းမှရရှိသည့် ထုတ်ကုန်ပစ္စည်းများအား သင်တန်းသူတစ်ဦးထံ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်နည်း ပညာသင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သင်တန်းသူများကိုယ်စား သင် တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ စု ပေါင်းမှတ်တန်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကသင်တန်းသား/သင်တန်းသူများကိုယ်တိုင် ပြုလုပ်ထားသည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) အမျိုး မျိုးတို့အားကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက တိုင်းဒေသ ကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးရှိ စားသောက်ကုန်အမျိုးမျိုးအား စား သုံးသူများဘေး အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓါတ်ခွဲခန်းအတွင်း လိုက်လံကြည့်ရှုခဲ့ ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲ ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ၁၃၈၇-ခုနှစ်၊ သီတင်းကျွတ်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၁၃၈၇-ခုနှစ်၊ သီတင်းကျွတ် ပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့်ကော်မတီ များအနေဖြင့် ပေးအပ်ထားသည့်တာဝန် များအား ကျေပွန်စွာထမ်းဆောင်သွားကြရန်နှင့် ဌာနများအချင်းချင်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများ အနေဖြင့်လည်း လိုအပ်သည်များ ဖြည့်စွက်အကြံပြုဆွေးနွေးသွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးက ၁၃၈၇-ခုနှစ်၊ သီတင်းကျွတ်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင် ရေးအတွက် ကော်မတီများဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းများစီမံ ဆောင်ရွက်ထားရှိမှုများ အား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ မိမိတာဝန်ယူဆောင် ရွက်မည့်ကော်မတီများအလိုက် ၁၃၈၇-ခုနှစ်၊ သီတင်းကျွတ်ပွဲတော် စည်ကားသိုက်မြိုက် စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အခမ်းအနားပြင်ဆင်ရေး၊ စတုဒီသာကျွေးမွေးရေး၊ မီးပုံး ပျံလွှတ်တင်ရေး၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး၊ သယ်ယူပို့ဆောင်ရေး၊ ပြန် ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်ရေး လုပ်ငန်းများ ကြိုတင်ဆောင်ရွက်သွားမည့် အခြေ အနေများအား Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုး ရအဖွဲ့ဝင်များနှင့် မုံရွာမြို့ပေါ်ရှိ ဘုရားစေတီများမှ ဂေါပကအဖွဲ့များ၊ ကိုယ်ပိုင်ကျောင်း များ၊ ကိုယ်ပိုင်ဆေးရုံများ၊ လုပ်ငန်းရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ၁၃၈၇-ခုနှစ်၊ သီတင်းကျွတ်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းများ နှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူ များ၏ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆု ချီးမြှင့်ပွဲတက်ရောက်
မုံရွာ၊ စက်တင်ဘာ ၂၆
၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင် ဘာလ ၂၆ ရက်၊ ညနေပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရား သူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များနှင့် အခြေခံ ပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစား သမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ အခမ်းအနားသို့ တက်ရောက်လာသူများက တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၏ Fitness Dance အကဖြင့် ဖျော်ဖြေမှုအား ကြည့်ရှု အားပေးကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် မုံရွာခရိုင် အမျိုးသမီးဘောလုံးအသင်းနှင့် ဟုမ္မလင်းခရိုင် အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးရာ မုံရွာခရိုင်အသင်းမှ ဟုမ္မလင်းခရိုင်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီးက Fitness Dance အကအဖွဲ့အား ဂုတ်ပြုချီးမြှင့်ငွေများ လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမား ဆုရရှိသူအားဂုဏ်ပြုချီးမြှင့်ငွေနှင့်ဆုတံဆိပ်အား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးက ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုရရှိသူအား ဂုဏ်ပြုချီးမြှင့် ငွေနှင့်ဆုတံဆိပ်အား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပူးတွဲတတိယ ဆုရရှိသည့် ကသာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်-၃ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က ပူးတွဲတတိယဆုရရှိသည့် ကလေးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်- ၃ သိန်းအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက ဒုတိယဆုရရှိသည့် ဟုမ္မလင်းခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် – ၅ သိန်းအား လည်း ကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမဆုရရှိသည့် မုံရွာခရိုင်အသင်းအား တစ်ဦး ချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၇ သိန်းနှင့် တံခွန်စိုက်ဆုဖလားအား လည်း ကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



