(၁၆-၆-၂၀၂၆) ရက်နေ့ (၀၉၀၀) အချိန်တွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းသည် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲအခမ်းအနားသို့  ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်  ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၁၈၁)ဦးတို့နှင့်အတူ အခမ်းအနား တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(၁၄-၆-၂၀၂၆)ရက်နေ့   စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်၍  အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌများနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အလုံရပ်ကွက်ရှိ ကျေးလက် ကျန်းမာရေးဌာနတွင် မုံရွာမြို့၊ ကုတင်(၅၀၀)ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီးများ ၊ဆရာမများမှ  ကင်ဆာ၊ စိတ်ကျန်းမာ၊ သားဖွား/ မီးယပ်၊ သွားနှင့် ခံတွင်း၊ ခွဲစိတ်/အရိုး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိနှင့်ကလေး ကျန်းမာရေးဆိုင်ရာ အခမဲ့ကွင်းဆင်းကုသစစ်ဆေးပေးနေမှုအား လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။