၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးထားသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး သွင်းအားစုများပေးအပ်
မုံရွာ၊ ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ဩဂုတ် လ ၇ ရက်၊ မွန်းလွဲ ပိုင်းက ကလေးခရိုင်၊ ကလေးမြို့၊ ချမ်းမြအောင်စည်ရပ်ကွက်၊ တောင်သူ ဦးစောနိုင်၏ ၅.၆၂ ဧကအတွင်း စိုက်ပျိုးထားသည့် ဆင်းသုခစပါးခင်းအတွင်း မိုးစပါးပန်းတိုင်အထွက် နှုန်းရရှိရေးစံပြကွက် သဘာဝမြေဩဇာနှင့် ဓါတ်မြေ ဩဇာတွဲဘက်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက် လာသူများနှင့် ဒေသခံတောင်သူများမှ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးစံပြကွက် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာတွဲဘက်ထည့်သွင်းခြင်း ကွင်းသရုပ် ပြသမှုအား ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဒေသခံတောင်သူများအား သွင်းအားစုဓါတ်မြေ ဩဇာများနှင့် ပိုးသက်ဆေးများအား ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးခရိုင်အတွင်း၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးထားသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး တိုင်းဒေသကြီး အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လုပ်ငန်းများဆောင်ရွက် နေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူးက ကလေးခရိုင် အတွင်း သီးနှံများစိုက်ပျိုးထားရှိမှုအခြေအနေများအား လည်းကောင်း၊ ခရိုင်ဆည်မြောင်း နှင့်ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း) ခရိုင်ဦးစီးမှူးက ဆည်/တမံများမှ စိုက်ပျိုးရေပေးဝေနေမှု အခြေ အနေများအား လည်းကောင်း၊ ခရိုင်မြေစာရင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကလေးခရိုင်အတွင်း မြေယာကိစ္စလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများအား လည်းကောင်း၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက လယ်ယာသုံးစက်ကိရိယာများ ဖြန့်ဝေပေးထားမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများက မိမိတို့စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ကလေးခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးထားသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ် သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကလေးခရိုင်အတွင်းရှိ ပြည်သူများ စားရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် စိုက်ပျိုးထားသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များမှ အလေးထား ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ တောင်သူများအနေဖြင့် သီးထပ်စိုက်ဧကများအား ရနိုင်သ၍ တိုးချဲ့စိုက်ပျိုးသွားကြရန်နှင့် စိုက်ပျိုးထားသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လိုအပ်မှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပံ့ပိုးဖြည့် ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ ချမ်းမြအောင်စည်ပရိယတ္တိစာသင်တိုက်ကြီးတွင် ကျင်းပပြလုပ်သည့် ဆွမ်းဆန်၊ ဆီနှင့်လှူ ဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ ကလေးမြို့၊ ချမ်းမြအောင်စည်ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယက၊ ဘဒ္ဒန္တ ဥတ္တရသာရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့် ပရိသတ်များက ငါးပါးသီလခံ ယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ကြီးနှင့် ပင့်သံ ဃာဆရာတော်များထံ ဆွမ်းဆန်၊ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်း ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းစက်မှုဇုန်အတွင်း လုပ်ငန်းရှင်များအား တွေ့ဆုံ ၊ လုပ်ငန်းဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
မုံရွာ၊ ဩဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ဩဂုတ်လ ၆ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းစက်မှုဇုန်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်သည့် စစ်ကိုင်းစက်မှုဇုန်အတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စစ်ကိုင်းစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် စစ်ကိုင်းစက်မှုဇုန် ဥက္ကဌ ဦးကိုကိုမြင့်က စစ်ကိုင်းစက်မှုဇုန်အတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးရန်လိုအပ်မှု လုပ်ငန်းအခြေအနေများအား ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ စစ်ကိုင်းစက်မှုဇုန်အတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းရှင် များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား အသီးသီး ရှင်း လင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စက်မှုဇုန်အတွင်း လုပ်ကိုင်ဆောင် ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှု ဇုန်ရှိ တစ်ရက်လျင် ၅၀ ကီလိုဂရမ်အိတ် ၁၀၀၀ ထုတ်လုပ်နေသည့် “သုတသုခ” ကွန်ပေါင်း မြေဩဇာထုတ်လုပ်ရေး စက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ကွန်ပေါင်း၊ ယူရီးယား၊ ဂျစ်ပ်ဆန်၊ နိုက်ထရိုဂျင် “ဇာမဏီ”နှင့် “ဗလ”တံဆိပ်တို့ဖြင့် ဓါတ်မြေဩဇာအမျိုးမျိုး ထုတ် လုပ်နေမှုလုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဓါတ်မြေဩဇာအမျိုးမျိုးထုတ်လုပ်နေမှု များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကုန်ကြမ်းပစ္စည်း များသိုလှောင်ထားရှိမှု၊ ဓါတ်မြေဩဇာ အဆင့်ဆင့်ထုတ်လုပ်နေမှုများနှင့် ထုတ်ပိုးနေမှုများ နှင့် ဓါတ်ခွဲခန်းအတွင်း ဓါတ်ခွဲစမ်းသပ်မှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန် အတွင်းရှိ “ချယ်ရီပွင့်” ပရိဘောဂပစ္စည်းထုတ်လုပ်နေမှုလုပ်ငန်းခွင်သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စားပွဲ၊ ထိုင်ခုံ၊ ကုတင်၊ ဗီရို အမျိုးမျိုးထုတ်လုပ်နေမှု လုပ်ငန်းများအား လိုက်လံ ရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



