slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစား သမားများ/အုပ်ချုပ်/ နည်းပြများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

မုံရွာ၊ ဒီဇင်ဘာ ၂၈

၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန် အားကစားသမားများ၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သော အားကစားသမားများ/ အုပ်ချုပ်/နည်းပြများအား ဂုဏ်ပြုပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆုရအားကစားသမားများ၊ အုပ်ချုပ်/နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုကျင်းပပြီးသွားသည့် ပဉ္စမ အကြိမ်အမျိုးသားအားကစားပွဲတော်သည် ပြည်တွင်း၌ကျင်းပသည့် အားကစားပြိုင်ပွဲများ အနက်အဆင့်အမြင့်ဆုံး ပြိုင်ပွဲကြီးတစ်ခုလည်းဖြစ်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်တာဝန်ရှိသူများ အုပ်ချုပ်/နည်းပြများ အားကစားသမားများ အားလုံးအတွက် ပြိုင်ဆိုင်မှုပြင်းထန်ပြီး အစွမ်းကုန်ကြိုးစားအားထုတ် ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲကြီးတစ်ပွဲ ဖြစ်ခဲ့ပါကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှ မိမိတို့တိုင်းဒေသကြီး အနေဖြင့် မြန်မာ့လက်ရွေးစင်ပဏာမအဖြစ် ဘတ်စကက်ဘော အမျိုးသား(၅)ဦး၊ ကာယ ကြံ့ခိုင်မှု အမျိုးသား(၄)ဦး၊ အမျိုးသမီး(၁)ဦး ရွေးချယ်ခံခဲ့ရပြီး အလေးမပြိုင်ပွဲတွင်လည်း အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦးသည် တိုင်းဒေသကြီးနှင့်ပြည်နယ် စံချိန်ချိုးပြီး ရွှေတံဆိပ်ဆုအား ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ပါကြောင်း၊ယခုပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရွှေ/ငွေ/ကြေး ဆုတံဆိပ်များ ရရှိအောင် ကြိုးစားအားထုတ်ပေးခဲ့ကြသည့် အုပ်ချုပ်/နည်းပြများနှင့် အားကစားသမား များအား ယခုလိုထပ်မံဂုဏ်ပြု ချီးမြှင့်ပေးရခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အသင်းအောင်မြင်ရန်အတွက် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်း ဥပဒေဘောင်အတွင်းမှ ဇွဲ၊ စိတ်ဓါတ်အားအခြေခံ၍ အားကစားစိတ်ဓါတ်ပြည့်ဝစွာဖြင့် အကောင်းဆုံးကြိုးစားယှဉ် ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးအတွက် ဆုတံဆိပ်များရယူပေးနိုင်ခဲ့ကြသလို နောင်လာမည့် အားကစားပြိုင်ပွဲများတွင်လည်း ယခုလိုအောင်မြင်မှုထက်ပိုမြင့်သည့် အောင်မြင်မှုများ ရရှိနိုင်အောင် လေ့ကျင့်အားထုတ်ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပြည်နယ်နှင့်တိုင်းဒေသကြီး အားက စားပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလား ရရှိခဲ့ကြ သည့်ပြေးခုန်ပစ်အသင်းမှ အသင်းအုပ်ချုပ်သူနှင့် အသင်းခေါင်းဆောင်များမှ တံခွန်စိုက် ဆုဖလားများ အပ်နှံကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် နှင့်တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် စွမ်း ဆောင်ပေးခဲ့ကြသည့် အုပ်ချုပ်/နည်းပြများနှင့် ရွှေတံဆိပ်ဆုရ ထူးချွန်အားကစားသမား များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများက ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ် ဆောင်ထူးချွန်အားကစားသမားများ၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်နှင့်တိုင်း ဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ငွေတံဆိပ်/ကြေးတံဆိပ်ဆုများ ရရှိခဲ့ကြသည့် ထူးချွန်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီး မြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများ မှပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဆုများရရှိခဲ့သည့် အားကစားနည်းများ နှင့်ပြည်ပပြိုင်ပွဲများတွင် ဆုများရရှိခဲ့သော အားကစားနည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်နေမှု Video Clip အား ကြည့်ရှုအားပေးကြကာ ဆုများရရှိခဲ့ကြသည့် အုပ်ချုပ်/နည်းပြ/ အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားစားပြိုင်ပွဲကြီးအား အားကစား နည်း ၂၃ နည်းဖြင့်ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် အားကစားနည်း ၂၁ နည်း၌ ပြိုင်ပွဲဝင်အားကစားသမား ကျား/မစုစုပေါင်း – ၃၄၁ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ ရွှေတံဆိပ်- ၂၁ ဆု၊ ငွေတံဆိပ်- ၂၀ ခု၊ ကြေးတံဆိပ်- ၂၁ ဆုရရှိခဲ့ပြီး တိုင်းဒေသ ကြီးနှင့်ပြည်နယ် ၁၅ ခု၌ အဆင့် ၄ ရရှိခဲ့ကြောင်း သိရသည်။

20241228 05
20241228 06
20241228 07
 
20241228 08
20241228 09

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

မုံရွာ၊ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ကန် သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ မုံရွာမြို့ပေါ် ရှိတက္ကသိုလ်/ဒီဂရီကောလိပ်များ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတို့မှ ပါမောက္ခ ချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်း သား/ကျောင်းသူများ၊ မြို့နေ ပြည်သူများနှင့် အား ကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်ရပ်ကွက်နေပြည်သူ အင်အား ၄၀၀၀ ကျော်မှ မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်ရှိ သက်မှတ်နေရာများတွင် အသီးသီးနေရာယူကြပြီး အချက်ပြအလံ ဝှေ့ရမ်းကာ သက်မှတ်နေရာများမှစတင်၍ ပြင်ထောင်စုရင်ပြင်မှ အနောက်ဘက်ကန် သာယာကန်တစ်ပတ်အား ကန်ပတ်လမ်းတစ်လျှောက် တစ်ပျော်တစ်ပါး စုပေါင်းလမ်း လျှောက်ခဲ့ကြသည်။

ယင်းနောက် အရှေ့ဘက်ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်သို့ ပြန်လည်ဝင် ရောက်ခဲ့ကြပြီး အဆိုပါရင်ပြင်၌ ၆ ပေခြား စနစ်တကျနေရာယူကြကာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၏ ကိုယ်ကာယလေ့ကျင့် ခန်း အမှတ် စဉ်(၁)အမှတ်စဉ်(၂)သရုပ်ပြသမှုနှင့် Physical Fltness Dance တေးသီချင်းများဖြင့် သွေးပူ လေ့ကျင့်ခန်းအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းလမ်း လျှောက်ပွဲသို့ တက်ရောက် လာသူများအား လူမှုရေးရာဝန်ကြီးဌာနမှ ဧည့်ခံကျွေးမွေးသည့်နံနက်စာများအား တစ်ပျော်တစ်ပါး စားသုံးနေမှုများနှင့် ကံစမ်းမဲများဖွင့် ဖောက်ပေး နေမှုများအား လိုက်လံကြည့်ရှုအားပေးကာဆုမဲပေါက် သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

20241228 01
20241228 02
 
20241228 03
20241228 04

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.