၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံနေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ ဧပြီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဆီထွက်သီးနှံနေကြာပန်းတိုင်အထွက် နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ၂၅ ရက်၊ မွန်းလွဲ ပိုင်းတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိအစည်းအဝေးခန်းမတွင်ကျင်း ပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသကြီးအဆင့် စိုက်ပျိုး မွေး မြူရေးဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် ပျားမွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ စိုက်ပျိုးလျက်ရှိသည့် ဆီထွက်သီးနှံနေကြာများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများမှ မြေ၊ မျိုး၊ ရေ၊ နည်း နည်းလမ်း ၄ သွယ်ဖြင့် စိုက်ဧကပြည့်မီစွာ စိုက်ပျိုးသွားရေးနှင့် ပန်းတိုင်အထွက်နှုန်း ထွက်ရှိစေရေး အတွက် အစွမ်းကုန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နေကြာ သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဝတ်မှုံကူးစက်နိုင်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် နေကြာစိုက် ပျိုးရေးတောင်သူများသို့ ပျားမွေးမြူရေးနည်းစနစ်များအား သင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားကြရန်လိုအပ်ကြောင်း၊ မိမိတို့တိုင်းဒေ သကြီး အစိုးရအဖွဲ့အနေဖြင့်လည်း နေကြာစိုက်တောင်သူများအား အထွက်တိုးစေရန်နှင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးရေးကို အားပေးနေသကဲ့သို့ လိုအပ်သည့် စိုက်ပျိုးစရိတ်ချေးငွေများ၊ သွင်းအားစုများအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများအနေဖြင့်လည်း မိမိတို့တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံနေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယခုအစည်းအဝေးတွင် ပွင့်လင်းမြင်သာစွာ ဆွေး နွေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ပျားမွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံနေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနား၊ မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များအား တွေ့ဆုံခြင်းနှင့် MSME လုပ်ငန်းများဆောင်ရွက်
မုံရွာ၊ ဧပြီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဧပြီလ ၂၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်သွားမည့် ကာလအတွင်း တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်/ ရပ်ကွက်/ကျေးရွာများအား ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ နှင့်အစွမ်းကုန် ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ဧပြီလ ၁၀ ရက်နေ့ နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံးရှိ မြသလ္လာခန်းမတွင် ကျင်းပပြုလုပ်သည့် မုံရွာမြို့ ပေါ်ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်း အနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုး ရေးနှင့်မွေးမြူရေးအား အခြေခံသည့် ကုန်ထုတ်လုပ်မှု MSME လုပ်ငန်းများအတွက် အလားအလာကောင်းများစွာရှိသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိ MSME လုပ်ငန်းများအောင်မြင်မှသာ နိုင်ငံတော်၏စီးပွားရေးမောင်းနှင်အား အရှိန်အဟုန်မြင့်တက်လာမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကြုံ တွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များအား ယခုတွေ့ဆုံရာတွင် ပွင့်ပွင့်လင်း လင်း ဆွေးနွေးတင်ပြသွားကြရန်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင် ရာဌာနဆိုင်ရာများ၊ ဘဏ်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများ အပေါ် လိုအပ်သည်များ အသီးသီး ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အခမ်းအနား သို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ စက်မှုဇုန်ရှိ “ငြိမ်းချမ်းရေး” ပဲခွဲစက်သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း ကုလားပဲများ ကြိတ်ခွဲထုတ်လုပ်နေမှု၊ ထုတ်ပိုးနေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ရှင်း လင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ပွဲတော်အုပ်”လက်ဘက်နှင့်အကြော်စုံ လုပ်ငန်းသို့ ရောက်ရှိရာ အလုပ်ရုံတာ ဝန်ခံမှ အလုပ်ရုံအတွင်း လက်ဘက်နှင့်အကြော်စုံများ ထုတ်လုပ်၊ ထုတ်ပိုးနေမှုများနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချသွားမည့် လက်ဘက်နှင့်အကြော်စုံ ပါကင်ထုတ်ပိုးထားရှိ မှုများအား တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။







သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



