၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု၊ အမျိုးသား ဆံသ သင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၂ ရက်၊ နံနက်ပိုင်း တွင် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ကန့်ဘလူဥယျာဉ်ခြံသို့ ရောက်ရှိရာ ကန့်ဘလူခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များ၌ GAP စနစ်ဖြင့် စိုက်ပျိုးထားရှိသည့် သီးနှံများအောင်မြင်ဖြစ်ထွန်းမှုများအား လည်းကောင်း၊ ကန့်ဘလူဥယျာဉ်ခြံ တာဝန်ခံမှ ခြံအတွင်းစိုက်ပျိုးထားရှိသည့် သီးနှံများ အောင်မြင်ဖြစ်ထွန်းများအား လည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က GAP စနစ်ဖြင့် စိုက်ပျိုးထားရှိသည့် သီး နှံများအား ပြည်သူများဈေးနှုန်းသင့်တင့်စွာဖြင့် စားသုံးနိုင်ရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်း ရေး၊ဓာတုဆေးများမသုံးစွဲရေးနှင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးတို့အား တာ ဝန်ရှိသူများအား မှာကြားကာ ရှင်း လင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည်းဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခြံ အတွင်း စိုက်ပျိုးထားရှိသည့် စိန်တလုံးသရက်ပင်များ ကိုင်းကူးပျိုး ထောင်ထားရှိမှုများ၊ စိန်တလုံးသရက်နှင့် ကြက်သွန် သီးညှပ်စိုက်ပျိုးထားရှိမှုများနှင့် သရက်စိုက်ကွင်းအတွင်း ပိုက်ဆံလျှော်မျိုးစေ့ထုတ် သီးညှပ်စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ်(၅) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ ရောက်ရှိရာ ၁ ထပ်ကျောင်းဆောင်အဟောင်း အမိုး၊ အကာ၊ အခင်းနှင့်မျက်နှာကျက်များ ပြန်လည်ပြုပြင်နေမှုများ အား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြိုု့၊အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိရာ အဆိုပါကျောင်း၏ ဘင်ခရာ အဖွဲ့အား ငွေကျပ် – ၁၀ သိန်းအားပေးအပ်ချီးမြှင့်ပြီး ခရိုင်/မြို့နယ် ပညာရေးမှူး၊ ကျောင်း အုပ်ကြီးနှင့် ဆရာ/ဆရာမများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီး ပညာရေးရေးမှူးက တိုင်းဒေ သကြီးအတွင်းရှိ မြို့နယ်များ၌ ပညာသင်နှစ်အလိုက် သင်ကြားရေးလုပ်ငန်းများဆောင် ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်နှင့်မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းများ ဥပတိရုပ်ကောင်းမွန်စေရေး ဆေင်ရွက်ပေးနေမှုနှင့် သင်ထောက်ကူ ပစ္စည်းများအား စဉ်ဆက်မပြတ် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်း လင်းပြောကြားပြီး ဆရာ/ဆရာမများအနေဖြင့်လည်း မိမိကျောင်းအား အမြဲသန့်ရှင်းသပ်ရပ်စေရေးအတွက် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းအုပ်ဆရာမကြီးထံ ဆရာ/ ဆရာမများအတွက် ငွေကျပ်- ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အစိုးရစက်မှုလက်မှု(သိပ္ပံ)သို့ ရောက်ရှိရာ ကျောင်းအဝင်လမ်း အရှည် – ၄၇၀ ပေ၊ ကတ္တရာ လမ်းခင်းကျင်းနေမှုများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့် လူငယ်ရေးရာကော်မတီနှင့် ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အမျိုးသား ဆံသသင်တန်း ဖွင့်ပွဲအခမ်းအနား သို့တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး အတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သင်တန်းသား များအနေဖြင့်လည်း သင်တန်းမှရရှိခဲ့သည့် ပညာရပ်များအား လက်တွေ့နယ်ပယ်တွင် အသုံးချကာ မိသားစုဝင်ငွေရရှိရေးအတွက် ကြိုးစားသင်ယူသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဆံသသင်တန်းဆရာမှ သင်တန်းတွင်သင်ကြားသွားမည့် ဘာသာရပ် များအားရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော် မတီ ဥက္ကဌထံ သင်တန်းသားများအတွက် စားစရိတ်ငွေ – ၁၈ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီး သယံဇာ တရေးရာဝန်ကြီးက သင်တန်းသားတစ်ဦးထံ ဆံသပစ္စည်းများ အား ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ပြည်ထောင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
မုံရွာ၊ ဇန်နဝါရီ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ရပ်ကွက်နေပြည်သူများ စိတ်အေး ချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ စိန်ပန်းနီလမ်းမှ တော်ဝင်ဘုံစံလမ်းအထိ ပြည်ထောင်စုလမ်း ရထားသံလမ်းတစ်လျှောက်အား မုံရွာမြို့ပေါ် ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည် ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ဦးကျော်ဖြင့် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင် ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများမှဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား တိုင်းဒေသကြီးစားသုံး သူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ စားသုံးဆီများ၊ ဆန်များနှင့်ဟင်းသီးဟင်းရွက်များအား ဈေး နှုန်းသက်စွာဖြင့် ရောင်းချပေးနေမှုများအား ကြည့် ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၃၀၀ ဦး ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ မင်္ဂလာလမ်း အရှည် ၄၂၅၀ ပေ၊ အကျယ် -၂၀ ပေအား နိုင်လွန်ကတ္တရာ လမ်းခင်းကျင်းနေမှုအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှတာဝန်ယူ တည်ဆောက်နေသည့် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ မြေဧက- ၃.၈ ဧကအကျယ်တွင် မော်တော်ကားနှင့်မော်တော်ဆိုင်ကယ် ရောင်း ဝယ်ရေးစင်တာ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ မော်တော်ကားနှင့်မော်တော်ဆိုင်ကယ် အရောင်း ဆိုင်၊ အပိုပစ္စည်းဆိုင်၊ အလှဆင်ပစ္စည်းအရောင်းဆိုင်၊ ရေဆေးဆီလိုက်လုပ်ငန်း၊ စား သောက်ဆိုင်များနှင့် အတွင်းပတ်လမ်း နိုင်လွန်ကတ္တရာလမ်းများ ဆောင်ရွက်နေမှုလုပ်ငန်း များအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည် ဆောက်ရေးလုပ်ငန်းများ အရည်အသွေးကောင်းမွန်စွာဖြင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ပြီး စီးရေးနှင့် လုပ်ငန်း ခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



