၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-၂၀၂၆-ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုများ ပေးအပ်ပွဲနှင့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး(
မုံရွာ၊ ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆-ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု(ယူရီးယားဓါတ်မြေဩဇာနှင့်လယ်ယာသုံးစက် မောင်းဆီ)များပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၃ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြိုု့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် စိုက် ပျိုးရေးအား အဓိကအားပြုလုပ်ကိုင် ဆောင်ရွက်နေသည့် တိုင်းဒေသကြီး တစ်ခုဖြစ်တာ နှင့်အညီ နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် စပါး၊ဆီထွက်သီးနှံနှင့် ဝါသီးနှံအပါအဝင် သီးနှံမျိုးစုံ စိုက်ဧကလျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများမှ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး အတွက် ကြိုးစားဆောင်ရွက်လျက်ရှိရာတွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ အပါအဝင် စိုက် ပျိုးသီးနှံ ၆၀ ကျော်အား ရာသီအလိုက် အောင်မြင်အောင် စိုက်ပျိုးထုတ်လုပ်လျက် ရှိပါ ကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင် ပိုင်ဆိုင်ထားသည့် ရေခံမြေခံကောင်းများနှင့် အရင်းအမြစ်များအားအသုံးချပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန် ချောထုတ်စက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာပေါ်ထွန်းလာရေးကိုလည်း ရှုထောင့်ပေါင်းစုံမှ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး အတွက် မိမိတို့ဌာနများအလိုက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များက မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာမှ ဒေသခံတောင်သူ ၄၀၀ ဦးအတွက် သွင်းအားစု (ယူရီယားမြေသြဇာများနှင့်လယ်ယာသုံးစက်မောင်းဆီ)များအား ဒေသခံတောင်သူများထံ အသီးသီး ပေးအပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်း အတွင်း မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာမှ ဒေသခံတောင်သူ ၄၀၀ ဦးအား လယ်ယာသုံးစက်မောင်းဆီများနှင့် စားသုံးဆီများ ခွဲဝေဖြန့်ဖြူးပေးနေမှုများအား လိုက်လံကြည့်ရှု ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်း တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး(၅/၂၀၂၆)သို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပပြုလုပ်မည့် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်(၂)မြို့နယ်တို့ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများနှင့် အဖွဲ့ ဝင်များအနေဖြင့် ရွေးကောက်ပွဲ အပိုင်း(၁)နှင့်(၂)မှတွေ့ရှိရသည့် အားသာချက်များအား အသုံးချပြီး အားနည်းချက်များကို ပြင်ဆင်ဖြည့်ဆည်းကာ တာဝန်ရှိသူများနှင့်အတူ ယခု ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း(၃)ကိုလည်း အောင်မြင်စွာ ကျင်းပပြီးစီးအောင် ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြော ကြားသည်။
ယင်းနောက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်းက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကနီမြို့နယ်နှင့်ဆားလင်းကြီးမြို့နယ်တို့တွင် လုပ်ငန်းများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပပြုလုပ်မည့် ဆားလင်းကြီးမြို့နယ်နှင့်ကနီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများက Video Conferencing ဖြင့် မိမိတို့မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ် ငန်းများကြိုတင်စီမံ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ အသီး သီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မိမိတို့ဝန်ကြီးဌာနများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေ အနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာ ကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်
မုံရွာ၊ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီ ကောလိပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၂ ရက်၊ နံနက်ပိုင်းတွင်အဆိုပါကျောင်းရှိပဉ္စဗလဘက် စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာပညာ ရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့နိုင်ငံသည် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည် ထောင်စုတည်ဆောက် ရေးကို ဆောင်ရွက်လျှက်ရှိရာ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် ပင်ကိုယ် အရည်အချင်းစွမ်းရည်များ ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ အားကောင်းမောင်း သန်ရရှိရန် လိုအပ်လျှက်ရှိပါကြောင်း၊ ယခုကဲ့သို့လိုအပ်ချက်အား ပြည့်စုံအောင် ဖြည့် ဆည်းနိုင်ရန်အတွက် ပညာရေးကဏ္ဍကို ဆက်လက်မြှင့်တင် ဆောင်ရွက်သွားကြရမည် ဖြစ်ပြီး ပညာရေးတွင် အခရာဖြစ်သည့် ဆရာ၊ဆရာမများ၏ အရည် အချင်း၊ အရေအတွက် အင်အားကိုလည်း မြင့်သည်ထက်မြင့်အောင် ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများအား ယခုလိုသင်တန်းများ ဖွင့်လှစ်ပြီး သင်ကြားပို့ချရသည့် အဓိကရည်ရွယ်ချက်အနေဖြင့် ဗလငါးတန်နှင့်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများကို ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် ဆရာလုပ်ငန်းတာဝန်များအား တန်ဖိုးထား၍ ဘာသာရပ်ကျွမ်းကျင်ပြီး ဆရာအတတ်ပညာ အရည်အသွေးမြင့်မားသည့် အခြေခံ ပညာဆရာများ ဖြစ်လာစေရန်အတွက် လေ့ကျင့်သင်တန်းပေးရခြင်း ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍတွင် ဆရာများ၏အခန်းကဏ္ဍသည် အဓိကကျသည့်အတွက် အရည် အသွေးပြည့်ဝသော ဆရာ၊ဆရာမကောင်းများဖြစ်အောင် အထူးဂရုပြု ကြိုးစားအားထုတ် သွားကြရန် လိုအပ်ပါကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်နိုင်အောင် ကြိုးစားသင်ယူလေ့ လာသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာပညာရေးဒီဂရီကောလိပ် ပထမနှစ်(ပထမနှစ်ဝက်) ကျောင်းသား/ကျောင်းသူများအတွက် ကျောင်း သား/ကျောင်းသူ ၂ ဦးထံ ငွေကျပ် သိန်း (၅၀) အား လည်းကောင်း၊ ကျောင်းအုပ်ဆရာမကြီးထံ မုံရွာပညာရေးဒီဂရီကောလိပ်ကျောင်းအတွက် ငွေကျပ် (၁၀) သိန်းအား လည်းကောင်း ပေးအပ်ချီး မြှင့်သည်။
ဆက်လက်၍ မုံရွာပညာရေးဒီဂရီကောလိပ်ကျောင်း အုပ်ဆရာမကြီးက ကြိုဆိုနှုတ် ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက မောင်သစ် လွင်၊ မယ်သစ်လွင်တို့အား စလွယ်နှင့်သရဖူ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာပညာရေးဒီဂရီ ကောလိပ်မှ ကျောင်း သား/ကျောင်းသူများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က တေးသီ ချင်းများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအတွက် ဂုဏ်ပြချီး မြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီးနောက် အခမ်းအနားသို့ တက်ရောက်ဘာကြသည့်ကျောင်းသား/ကျောင်း သူများအား ရင်းရင်းနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာ ဝန်ရှိသူများသည် မွန်းလွဲပိုင်း တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်မှ သတင်းထုတ်ပြန်ဖိတ်ခေါ် လျက်ရှိသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နယ်မြေများအတွင်း အကြမ်းဖက် သင် တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား ပြန် လည်ကြိုဆိုလက်ခံပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ဝန်ကြီးချုပ်က ဆုံးမဩဝါဒစကား ပြောကြားပြီးနောက် တိုင်းမှူးက နယ်မြေ ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေဆိုင်ရာပုဒ်မများနှင့် အသိပညာပေးစကားများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ကလေးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့မှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် အမျိုးသား(၂၂)ဦးနှင့် အမျိုး သမီး(၂)ဦး၊ စုစုပေါင်း(၂၄)ဦးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ကအလင်းဝင်ရောက်လာသူတစ်ဦးလျှင် ဆုကြေးငွေ သိန်း(၂၀)ကျပ်စီဖြင့် စုစုပေါင်းငွေသိန်း (၄၈၀)ကျပ်နှင့် စားသောက်ဖွယ်ရာများပေးအပ်ရာ အလင်းဝင်ရောက်လာသူများက အသီးသီးလက်ခံရယူကြသည်။
ဆက်လက်၍ လက်နက်ဖြင့်အလင်းဝင်ရောက်လာသူများကိုယ်စား ကိုယ်စားလှယ် ၁ ဦးမှ Type-81 အမျိုးအစား သေနတ်(၂)လက်၊ ၄င်းကျည်အိမ်ဘ(၄)ခု၊ ကျည်(၁၇)တောင့် M-4 အမျိုးအစား သေနတ်(၁)လက်၊ ၄င်းကျည်အိမ်(၁)ခု၊ ကျည်(၁၀) တောင့်တို့အားအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။
ထို့နောက် အလင်းဝင်ရောက်လာသူများ၊ မိဘဆွေမျိုးများနှင့် အခမ်းအနား တက်ရောက်လာသူများအား စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံကျွေးမွေးကာ အလင်းဝင်ရောက်လာသူများကို ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ရေစီးရေလာ ကောင်းမွန်စေ ရန်အတွက် မုံရွာ-ရေဦးကားလမ်းမပေါ်ရှိ ကန်သာယာကန်မှ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓုလ ဈေးအထိ အရှည်ပေ -၁၅၅၀၀ ပေ၊ ၄ ပေအကျယ်ရှိ အုတ်စီရေမြောင်းတူးဖော်ခြင်းနှင့် လမ်းဘေးဝဲ/ယာ ကွန်ကရစ်ခင်းခြင်း၊ ကပ်တုံးပြုလုပ်ခြင်း လုပ်ငန်းခွင်သို့ရောက်ရှိရာ မြို့ နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တည်ဆောက်ရေးတာဝန်ခံများမှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံရှင်းလင်းပြသကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည် ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်မှုများအပေါ် စေတနာထားကာ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် လုပ်ငန်းများစံချိန်စံညွှန်းမီစွာဖြင့် တည်ဆောက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



