slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

MSME အေဂျင်စီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာနမှ ခေတ္တတိုင်းဒေသကြီးဦးစီးမှူးက နေပြည် တော်တွင်ကျင်းပပြု လုပ်မည့် ၂၀၂၆ ခုနှစ်၊ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ပြခန်းများ

MSME အေဂျင်စီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာနမှ ခေတ္တတိုင်းဒေသကြီးဦးစီးမှူးက နေပြည် တော်တွင်ကျင်းပပြု လုပ်မည့် ၂၀၂၆ ခုနှစ်၊ MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ပြခန်းများ ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှုများနှင့် တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များရှိ အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအား နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေများ ထုတ်ချေးထားမှုအခြအနေများ၊ အတိုးငွေများပြန်လည်ရရှိမှု အခြေ အနေများနှင့် ချေးငွေများဖြင့်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ များက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ ဥက္ကဌက မိမိတို့ခရိုင်များအလိုက် မြို့နယ်များအတွင်း နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေ ထုတ်ချေးထားမှုအခြေအနေများ၊ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြ ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးထားမှုနှင့် အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအပေါ် လို အပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

20260122 01

20260122 01

20260122 01

20260122 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆)တက်ရောက်

မုံရွာ၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂ မြို့နယ် ၌ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမို ကရေစီအထွေထွေရွေး ကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်း အဝေး(၄/၂၀၂၆)ကို ဇန်နဝါရီလ ၁၉ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်း အဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်သူရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မုံရွာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများ၊အတွင်း ရေးမှူးများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများနှင့် အတွင်းရေးမှူးများက Video Conferencing ဖြင့် တက် ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အပိုင်း(၃)အား မိမိတို့တိုင်းဒေသကြီးအတွင်း ကျန်ရှိနေသည့် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်(၂)မြို့နယ်တွင် ကျင်းပပြုလုပ် သွားမည် ဖြစ်ပါကြောင်း၊ ရွေး ကောက်ပွဲအပိုင်း(၃)ကျင်းပသည့်အခါရွေးကောက် ပွဲ အပိုင်း (၁)နှင့်(၂)မှ တွေ့ရှိရသည့် အားသာချက်များအား အသုံးချပြီး အားနည်းချက်များကို ထပ်မံ ပြင်ဆင်ဖြည့်ဆည်းဆောင်ရွက်သွားကြရန်မည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရွေး‌ကောက်ပွဲကျင်းပပြု လုပ်ရာတွင် အခုဆိုရင် ကျင်းပပြီးစီးသမျှ လွှတ်တော်အသီးသီး၏ လွှတ်တော် ကိုယ်စား လှယ် အမည်စာရင်းများကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်တို့မှ ထုတ်ပြန်ကြေညာပေးလျက် ရှိပါကြောင်း၊ ရွေးကောက်ပွဲ အပိုင်း(၁)နှင့်အပိုင်း(၂) အောင်မြင်စွာပြီးစီးသကဲ့သို့ တာဝန် ရှိသူအားလုံးအနေဖြင့်လည်း ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ယခုကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း(၃)ကိုလည်း အောင်မြင်စွာ ကျင်းပပြီးစီးအောင် အစွမ်းကုန်ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်သူရ က ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)အောင် မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင် အဖွဲ့ဝင်၊ တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်းက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၃)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ကနီမြို့နယ်နှင့်ဆားလင်းကြီးမြို့နယ်တို့တွင် လုပ်ငန်းများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပပြုလုပ်မည့် ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများက မိမိတို့မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများကြိုတင်စီမံ ပြင် ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြ သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မိမိတို့ဝန်ကြီးဌာနများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေ အနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာ ကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။

20260120 01

20260120 01

20260120 01

20260120 01

20260120 01

20260120 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.