၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်စက်သုံးဆီ ဖြန့်ဖြူးရောင်းချရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
မုံရွာ ၊ နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်စက်သုံးဆီ ဖြန့်ဖြူးရောင်းချရေး ညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စားသုံးဆီ/စက်သုံးဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်စက်သုံးဆီဈေးနှုန်းများ မှန်ကန်တည်ငြိမ်စေရေး၊ ဖြန့်ဖြူးရောင်းချမှု စနစ်တကျရှိစေရေး အတွက် ယခုလိုညှိနှိုင်းအစည်းအဝေးအား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေ ဖြင့်လည်း လက်ရှိရောင်းဝယ်ဖြန့်ဖြူးရေးအပိုင်းတွင် အခက်အခဲရှိသည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်း ဒေသကြီးအနေဖြင့် ဆန်၊ ဆီ၊ ပဲမျိုးစုံ၊ ကြက်သွန်နီ၊ ငရုတ်နှင့် ဟင်းသီးဟင်းရွက်များ ဖူလုံပိုလျှံနေပြီး အခြေခံစားသောက်ကုန်များ ဖြစ်သည့် စားသုံးဆီနှင့် စက်သုံးဆီများမှာ အရေးကြီးကုန်စည်များ၍ စားသုံးဆီ၊ စက်သုံးဆီ တင်သွင်းသို လှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီအား တာဝန်ရှိသူများနှင့် ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ တင်သွင်းစေခြင်း၊ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြစ်စေရေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ၊ ငွေလဲနှုန်းများပါမကျန် စနစ်တကျထည့် သွင်းတွက်ချက်ပြီး အခြေခံရည်ညွှန်းဈေးများ ထုတ်ပြန်ကာ တိုင်းဒေသကြီး/ပြည်နယ်/မြို့များ အလိုက် ဒေသအရောက်အရင်း ဈေးနှုန်းများထုတ်ပြန်ပေးပြီး သင့်တင့်သည့်အမြတ်ရာခိုင်နှုန်း သတ်မှတ်ပေးထားပြီးဖြစ်သည့်အတွက် စားသုံးသူများအား အရေအတွက်၊ အရည်အသွေး၊ ဈေးနှုန်းမှန်မှန်ကန်ကန်ရောင်းချပေးသွားကြရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်သည့်ဌာနများကလည်း အမြဲမပြတ်ကြီးကြပ် ကွပ်ကဲပေးရန်နှင့် လိုအပ်ချက်များအား ကူညီပေါင်းစပ်ပေး သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီလင်းထွဋ်က စားသုံးဆီဖြန့်ဖြူးရောင်းချမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်မှ စက်သုံးဆီ ရောင်းချမှု အခြေအနေများအား လည်းကောင်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး စားသုံးဆီ/စက်သုံးဆီရောင်းချနေသည့် လုပ်ငန်းရှင်များနှင့် ကိုယ်စား လှယ်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် စားသုံးဆီ/စက်သုံး ဆီများ သယ်ယူမှု၊ ထုတ်လုပ်မှု၊ ရောင်းချနေမှုများနှင့် ခွဲဝေရရှိမှု အခြေအနေများအား အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စားသုံးဆီ/စက်သုံးဆီ ဖြန့်ဖြူးရောင်းချမှုများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေး ခြင်းနှင့် ကန်သာယာအနောက်ဘက်ကန် အဆင့်မြှင့်တင်နေမှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
မုံရွာ နိုဝင်ဘာ ၁၁
ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးတို့ အတွက် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီး ရေလာကောင်းမွန်စေရေး၊ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးကောင်းမွန်စွာဖြင့်ပညာ သင်ကြားနိုင်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းကို နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှဝန်ထမ်းများ၊ စည်ပင် သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ နှင့်ဝန်ထမ်းများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက် ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၇ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၇၀၀ ဦးကျော်ဖြင့် အခြေခံပညာကျောင်း များနှင့် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများအား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အနောက်ဘက် ကန်သာယာကန် အဆင့်မြှင့်တင်ရေးလုပ်ငန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် တာဝန်ရှိသူများက အနောက်ဘက်ကန်သာယာ ကန်ပတ် လမ်းအရှည် – ၅၅၀၀ ပေ၊ အကျယ် – ၁၈ ပေ နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်း၊ စတီးလက် ရန်းများတပ်ဆင်နေမှု၊ လျှပ်စစ်မီးတိုင်များတပ်ဆင်ခြင်း၊ ကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် ရေးလုပ်ငန်းများနှင့် မြေထိန်းနံရံလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံ ရှင်းလင်းပြသကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အနောက်ဘက်ကန်သာယာကန် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်း မွန်စွာဖြင့် အချိန်မီပြီးစီးရေး၊ မြို့နေပြည်သူများ အားလပ်ရက်များတွင် စိတ်ပင်ပန်းမှုများဖြေ ဖျောက်စေ နိုင်ရန် ကန်ပတ်ဝန်းကျင်အားသန့်ရှင်းသာယာလှပရေး၊ ကန်ပတ်ဝန်းကျင်အား အမြဲစိမ်းလန်း စိုပြည်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ် ငန်းများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက် နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



