၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူမြို့ ဒီဇင်ဘာ အားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ၊ စုပေါင်းသန့် ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုလိုက်လံကြည့်ရှု
မုံရွာ၊ ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင်၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှေက်ပွဲကို ဒီဇင်ဘာလ ၂၀ ရက်၊ နံနက်ပိုင်းက ကန့်ဘလူမြို့၊ မြို့တော်ခန်းမရှေ့တွင်ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ ကန့်ဘလူ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့နေပြည်သူများနှင့် အားကစားကိုချစ် မြတ်နိုးသူများ တက်ရောက်ကြသည်။
ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကန့်ဘလူမြို့ပေါ်ရှိ အခြေခံပညာကျောင်း များနှင့် ကိုယ်ပိုင်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့်ရပ်ကွက်နေပြည်သူအင်အား ၄၅၀၀ ကျော်မှ ကန့်ဘလူမြို့၊ မြို့တော် ခန်းမရှေ့ရှိ သတ်မှတ်နေရာများတွင် အသီးသီးနေရာယူကြပြီး အချက်ပြအလံဝှေ့ရမ်းကာ သတ်မှတ်နေရာများမှစတင်၍ တပင်ရွှေထီးလမ်းမကြီးတစ်လျှောက်မှ မြို့ရှောင်လမ်း အထိ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ကာ စုရပ်အဖြစ် ကန့်ဘလူမြို့၊ အစိုးရစက် မှုလက်မှု(သိပ္ပံ)ကျောင်းဝန်းအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြပြီး အဆိုပါကျောင်းဝန်း အတွင်း၌ ၅ ပေခြား စနစ်တကျနေရာယူကြကာ ကန့်ဘလူမြို့နယ်၊ အားကစားနှင့်ကာယ
ပညာဦးစီးဌာနနှင့် ကန့်ဘလူမြို့၊ အစိုးရစက်မှုလက်မှု(သိပ္ပံ)ကျောင်းမှ ဝန်ထမ်းများ၏ ကိုယ်ကာယလေ့ကျင့်ခန်း အတွဲ(၁)အတွဲ (၂)သရုပ်ပြသမှုများနှင့် သွေးပူလေ့ကျင့်ခန်းအား စုပေါင်းဆောင်ရွက်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကန့်ဘလူမြို့ပေါ် ရှိ “ဆု”ကိုယ်ပိုင်အထက်တန်းကျောင်း၊ “မြင့်မိုရ်”ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် “သူရိန်နန်း”ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ၏ တေးသီ ချင်းများဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းလမ်း လျှောက်ပွဲသို့ တက်ရောက်လာသူများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များက ဧည့်ခံကျွေးမွေးသည့်နံနက်စာများအား တစ်ပျော်တစ်ပါး စားသုံးနေမှုများနှင့် ကံစမ်းမဲများဖွင့်ဖောက်ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့် အတူ ဆုမဲပေါက်သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှေက်ပွဲသို့ တက်ရောက်လာသူ များအား စားသုံးဆီများနှင့် ဆန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများ ကိုကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ မဟာရွှေစည်ကြီးစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း ကန့်ဘလူမြို့ပေါ်ရှိ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၈၀၀ ဦး ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ရှိ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ ဆေးကုသမှုခံယူ နေကြသည့် ဆရာတော်၊သံဃာတော်များနှင့် ဒေသခံပြည်သူများအား အဟာရဖြည့် စားသောက်ဖွယ်များ သွားရောက်လှူဒါန်း
မုံရွာ၊ ဒီဇင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မဟာဇောတိကာရာမ ကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ တာဝန်ရှိသူများနှင့်အတူ ဆရာတော်ကြီးများထံ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေး ဆိုင်ရာများ လျှောက်ထားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးနှင့် ဆရာ ဝန်ကြီးများက ဆေးကုသမှုခံယူနေကြသည့်လူနာများ၏ ကုသရေးလုပ်ငန်းများဆောင် ရွက်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များနှင့် ဆေးရုံအုပ်ကြီးတို့က ဆေးကုသမှုခံယူနေကြသည့် ဆရာတော်၊သံဃာတော်များနှင့်ဒေသခံပြည်သူများအား အဟာရဖြည့်စားသောက်ဖွယ်ရာများ လိုက်လံပေးအပ်ခဲ့ကြပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



