၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု
မုံရွာ၊ မေ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်၊ ပညာသင်ကြားကြမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းဝန်း နှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေနှုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်အတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ဖွားနိုင်သည့်နေရာများအား ရှင်းလင်းခြင်းလုပ်ငန်း များကို မေလ ၁၆ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများမှ သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာနေရာများဖြစ်သည့်မုံရွာမြို့၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ဆူးလေကုန်းရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၊ ထန်းတောရပ်ကွက်ရှိ အမှတ်(၆) အခြေခံပညာအထက် တန်းကျောင်း၊စက်မှုဇုန်ရပ်ကွက်ရှိအခြေခံပညာအထက် တန်းကျောင်း(ခွဲ)နှင့် သလ္လာရပ် ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ သွားရောက်၍ စုပေါင်း သန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မကြာမီ ၂၀၂၆-၂၀၂၇ပညာသင် နှစ်၊ ကျောင်းအပ်နှံမှု စတင်လက်ခံတော့မည်ဖြစ်ပါ၍ ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဆောင်အဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေး၊ ကျောင်းဝန်းအတွင်း သန့်ရှင်းသပ် ရပ်မှုရှိစေရေး၊ ကျောင်းသုံးပရိဘောဂပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိစေရေးနှင့် လိုအပ် ချက်များရှိပါက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြသွား ကြရန် ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးနှုတ်တ်ဆက်ခဲ့ကြောင်း သိရသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းအုပ်နှံမှု ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် တန်းစဉ်ကူး ပြောင်းမှု ပိုမိုတိုးတက်လာစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ မေ ၁၅
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအုပ်နှံမှု ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် တန်းစဉ်ကူးပြောင်းမှု ပိုမိုတိုးတက်လာစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ ၁၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူး များ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများ နှင့်ပညာရေးမှူးများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ Video Conferencing ဖြင့် တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး၊ အတန်းစဉ်ကူးပြောင်းမှု ရာနှုန်း ပြည့်ရှိရေး၊ အတန်းပညာတတ်မြောက်စေရေး၊ တိုင်းဒေသကြီးအတွင်း ပညာတတ်များ များပြားရေး၊ ကျောင်းသား၊ကျောင်းသူအားလုံး အနည်းဆုံးအလယ်တန်းပညာ(KG+9) ပြီး မြောက်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် သာတူညီမျှ ပညာ သင်ယူရေးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းကြိးပမ်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ပညာရေးဆိုင်ရာ တာဝန်ရှိသူ များမှ မိမိတို့၏ကျောင်းများ၊ စာသင်ခန်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဝန်းနှင့် ကျောင်းပတ်ဝန်း ကျင်သန့်ရှင်းသပ်ရပ်၍ ကျန်းမာရေးရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ရပ်အဖြစ် ဖန်တီးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ပညာသင် နှစ် ကျောင်းအပ်နှံရေးဆောင်ပုဒ်ဖြစ်သည့် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံကြပါစို့”ဟူသည့်အတိုင်း ကျောင်း နေအရွယ်ကလေးများအားလုံး အချိန်မီကျောင်းအပ်နှံနိုင်ရေးအတွက် သတ်ဆိုင်ရာ မိဘ အုပ်ထိန်းသူများ၊ ဆရာ၊ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ နှင့်ဌာနဆိုင်ရာများအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင် ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့ နယ်များ၌ ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများက ၂၀၂၆-၂၀၂၇ ပညာသင် နှစ်၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအုပ်နှံမှု ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် တန်းစဉ်ကူးပြောင်းမှု ပိုမိုတိုးတက်လာစေရေး လုပ်ငန်းများဆောင်ရွက်ထားရှိသည့် အခြေ အနေများအား ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ ၏ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အသိပညာပေးကြေညာချက် များအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။







သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



