slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ကျွန်းလှမြို့ ပေါ်ရှိ ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုအခြေ အနေများအား လိုက်လံကြည့်ရှုခြင်းနှင့် ဒေသ ခံပြည်သူများအား တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်

မုံရွာ၊ ဩဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/ကျွန်းလှမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ ၇ ရက်၊ နံနက်ပိုင်းတွင် မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ရေဝင်ရောက်မှု အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့၊ သစ်ရာ မြိုင်ရပ်ကွက်ရှိ ရွှေမုဌောကျောင်းတိုက်သို့ ရောက်ရှိရာ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် မိုးရေ များဝင်ရောက်နေသည့် သစ်ရာမြိုင်ရပ်ကွက်ရှိ ယာယီနေအိမ်စွန့်ခွာ ရပ်ကွက်နေပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နေအိမ်များအတွင်း ဝင်ရောက်နေသည့် မိုးရေများ အမြန်ပြန်လည်ကျဆင်းရေးနှင့် ရေစီးရေလာကောင်း မွန်စေရေးတို့အတွက် ဌာနဆိုင် ရာများနှင့် ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားကာ ရပ်ကွက်နေပြည်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သစ်ရာမြိုင်ရပ်ကွက်ရှိ ယာယီနေအိမ်စွန့်ခွာ ရပ်ကွက်နေပြည်သူများအအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးအပ် သည့် ငွေကျပ်- ၁၅၆၅၀၀၀ (တစ်ဆယ့်ငါးသိန်း ခြောက်သောင်း ငါးထောင်ကျပ်)အား လည်း ကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက ငွေကျပ် – ၁၀ သိန်းကျပ်အား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့ပေါ်ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာများများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျွန်းလှမြို့ ပေါ်ရှိ ရပ်ကွက်များအတွင်းရှိ ရေနုတ် မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ကျွန်းလှမြို့ နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများသို့ ဆက်သွယ်ထားသည့် ကားလမ်းနှင့်လူသွားလမ်းများ
မပျက်စီးစေရန် လမ်းမများပေါ်ရှိ မိုးရေများတင်ကျန်မှုမရှိစေရေးနှင့် ရပ်ကွက်များအတွင်းရှိ လူနေအိမ် များအတွင်း ရောက်ရှိနေသည့်မိုးရေများအား ရေစီးဆင်းမှုကောင်းမွန်စေရန်အတွက် ရပ်ကွက်နေ ပြည်သူများနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အစိုးရစက်မှု၊လက်မှု သိပ္ပံ(ကန့်ဘလူ)သို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား၊ကျောင်းသူများ၏ သင် ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံ လောက်မှု အခြေအေနများနှင့် သင်တန်းခန်းမအတွင်း သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေ မှု အခြေအနေများ၊ ကျောင်းဆောင်ကြံ့ခိုင်မှု အခြေအနေများနှင့် စာကြည့်တိုက်တို့အား လိုက်လံ ရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ကန့်ဘလူမြို့ ပေါ်ရှိ ရက်ကွက်များအတွင်း ရေနုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်များ စုပေါင်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု

မုံရွာ၊ ဩဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ ၆ ရက်၊ နံနက်ပိုင်းတွင် မိုးအဆက် မပျက်ရွာသွန်းမှုကြောင့် ကန့်ဘလူမြို့၊ ရပ်ကွက်များအတွင်းရှိ ရေနုတ်မြောင်းများအား ခရိုင်/မြို့ နယ် မီးသက်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ မှ စုပေါင်း၍ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကန့်ဘလူမြို့ပေါ်ရှိ ရပ်ကွက်များအတွင်းရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေထွက်ပေါက်များအတွင်းရှိ သစ် ပင်ခြုံနွယ်များ၊ ပလပ်စတစ်အမှိုက်များနှင့် မီးဖိုချောင်သုံးအမှိုက်များ ပိတ်ဆို့မှုမဖြစ်စေရေး၊ ကား လမ်းနှင့်လူသွားလမ်းများ မပျက်စီးစေရန် လမ်းမများပေါ်၌ မိုးရေများတင်ကျန်မှုမရှိစေရေးနှင့် ရပ်ကွက်များအတွင်းရှိ လူနေအိမ်များအတွင်းရောက်ရှိနေသည့် မိုးရေများအား ရေစီးဆင်းမှု ကောင်းမွန်စေရန်အတွက် တာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်သွားကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်သွားရေး တို့အား မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ လွတ် လပ်ရေးကျောက်တိုက်ပန်းခြံသို့ ရောက်ရှိရာ ပန်းခြံအတွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်း များ ဆောင်ရွက်ထားရှိမှုများနှင့် အလှပန်းပင်များ၊ အရိပ်ရအပင်များ၊ အပန်းဖြေနေရာများဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.