မုံရွာ ၊ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့၊ မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးပြီး ဆရာ၊ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ကာ အလျား – ၁၄၀ ပေ၊ အနံ – ၃၀ ပေ၊ RCC ၃ ထပ်ကျောင်းဆောင် အဆောက်အဦသစ်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ရှိ မဟာရွှေစည်ကြီးကျောင်းတိုက်သို့ ရောက်ရှိရာ ဆရာတော်ကြီးနှင့် ပင့်သံဃာ ဆရာတော်ကြီးများထံ တာဝန်ရှိသူများနှင့်အတူ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးကုသမှုခံယူနေကြသည့် ဒေသခံပြည် သူများအားရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ တာဝန်ရှိသူများနှင့်အတူ့ ဆေးကုသမှုခံ ယူနေသောလူနာများအား အဟာရဖြည့်စွက်စာများ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။

224.jpg

226.jpg

229.jpg

228.jpg

222.jpg

221.jpg

223.jpg