မုံရွာ အောက်တိုဘာ ၂၀

            စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာ များ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ ၂၀ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီး နမ့်ပငချောင်း ပေါ်တွင်တည်ဆောက်လျက်ရှိသည့် နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း ယာယီရှင်းလင်း ဆောင်သို့ရောက်ရှိရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်-၂ တည်ဆောက်ရေး၊ တာဝန်ခံအင်ဂျင်နီယာမှ နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းအခြေအနေများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

            ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နမ့်ပငအသေးစားရေအား လျှပ်စစ်စီမံကိန်း တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နှင့်အနီးရှိ ကျေးရွာများမှ ဒေသခံပြည် သူများနှင့် MSMEs လုပ်ငန်းများအတွက် လျှပ်စစ်ဓါတ်အားလုံလောက်အောင် ဖြည့်ဆည်းပေးနိုင် တော့မည်ဖြစ်ပါ၍ သက်မှတ်ကာလတွင်ပြီးစီးအောင် ဆောင်ရွက်စေလိုပါကြောင်း၊ သက်မှတ် အရည်အသွေးများနှင့် ကိုက်ညီစွာတည်ဆောက်ကာ လုပ်ငန်းများဆောင်ရွက်မှုအပေါ် စေတနာ ထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့အား အသေး စိတ်မှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

            ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နမ့်ပင အသေးစားရေ အားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။

            အဆိုပါ နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇.၅ မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင်တည်ရှိပြီး Concrete Gravity Dam တမံအမျိုးအစားဖြစ်ပြီး၊ တမံအလျား – ၄၇၃ ပေ၊ တမံအမြင့် – ၁၁၄.၈ ပေ၊ ရေအားအမြင့် – ၈၀.၃၈ ပေ၊ နှစ်စဉ်ပျဉ်းမျှစီးဝင်ရေ ၁.၁၀ သိန်းဧကပေ၊ သံကူကွန်ကရစ်- ရေပိုလဲွဲှဖြစ်ကာ တပ်ဆင် စက်အင်အား -၆ မဂ္ဂါဝပ် (၂ x ၃ မဂ္ဂါဝပ်)ဖြစ်ပြီး နှစ်စဉ်လျှပ်စစ်ဓာတ်အား – ၃၄.၆၈ သန်းကီလိုဝပ် နာရီပျဉ်းမျှထုတ်လုပ်နိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကာ ယခုအချိန်တွင် လုပ်ငန်းအားလုံး၏ ၄၁ ရာခိုင်နှုန်း ကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

            ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ခရိုင်စု ပေါင်းရုံး အဆောက်အဦသစ် တည်ဆောက်ရေးရှင်းလင်းဆောင်သို့ ရောက်ရှိရာ ခရိုင်စီမံအုပ် ချုပ်ရေးမှူး ဦးရဲဝင်းနှင့် တည်ဆောက်ရေးတာဝန်ခံများက ခရိုင်စုပေါင်းရုံး အဆောက်အဦသစ် တည်ဆောက် ပြီးစီးမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။      

            ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တည်ဆောက်ရေးလုပ်ငန်းများ အား စံချိန်စံညွှန်းမီအရည်အသွေးကောင်းမွန်စွာဖြင့် သက်မှတ်ဘဏ္ဍာနှစ်အတွင်း အပြီးတည် ဆောက်ပြီးစီးရေး၊ လုပ်ငန်းများအပေါ်စေတနာထားကာ ဆောင်ရွက်သွားရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတို့အား အသေးစိတ်မှာကြားခဲ့သည်။

            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဟုမ္မလင်းခရိုင် စုပေါင်းရုံး အဆောက်အဦသစ် တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

0-02-06-1e69f18a0fdbaa1055443242e9b641697fc9d7dea80006dd23ba1f4ad0511eeb_ace543e09e91c2a2.jpg

     

0-02-06-c0008d31061a16bd3c3fa6af1ba85f3b2e9375f9a4751532df1b3956fd67001b_8b840079cd004f02.jpg

0-02-06-f3ad9a5e44108f85230ba3694316d9b86433e28baefd37d6a56d68e7960d783c_860cee07741f5d39.jpg

0-02-06-fc49b099bca8c9b5095b9126b76f4fd239fd137d16443dacaec0c7ff48e2f7ac_a4409308ac56f36d.jpg