မုံရွာ အောက်တိုဘာ ၂၅

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသ ကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)နှင့် Physical Fitness Dance ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (အေရိုးဗစ်)နှင့် Physical Fitness Dance ပြိုင်ပွဲများတွင် ဆုရရှိသော ပြိုင်ပွဲအသင်းများ၏ ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက်  တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းမှ Physical Fitness Dance ပြိုင်ပွဲတွင် တတိယဆုရရှိသော  ကလေးခရိုင်အသင်းနှင့် ဒုတိယဆုရရှိသော ယင်းမာပင်ခရိုင်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းမှ Physicanl Fitness Dence ပြိုင်ပွဲတွင် ပထမဆုရရှိသော မုံရွာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ၁ ယောက်ချင်းပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး အောင်မြင့်နိုင်က ၃ ယောက်တွဲပြိုင်ပွဲတွင်  တတိယဆုရရှိသော စစ်ကိုင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံ ဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုး က ၃ ယောက်တွဲပြိုင်ပွဲတွင်  ဒုတိယဆုရရှိ သော ယင်းမာပင်ခရိုင် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး  စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ၃ ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ကလေးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ၉ ယောက်တွဲပြိုင်ပွဲတွင် တတိယဆု ရရှိသော စစ်ကိုင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား လည်း ကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးမှ ၉ ယောက်တွဲပြိုင်ပွဲတွင် ဒုတိယ ဆုရရှိသာ ယင်းမာပင်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား လည်း ကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။   

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အေရိုးဗစ် ၉ ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုနှင့် တံခွန်စိုက်ဆုရရှိသော ကလေးခရိုင်အသင်းအား တစ်ဦးချင်းဆု တံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများ အားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

            အဆိုပါ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)နှင့် Physicanl Fitness Dance ပြိုင်ပွဲသို့ တိုင်းဒေသ ကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်မှ ပြိုင်ပွဲဝင်အင်အား ၁၅၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

0-02-06-d8ea1732b1fb965d8d22f159520a7c48ce161b8380f3c3ffcd7673ddeb8310df_e39e707c1c2a26ce.jpg

0-02-06-4e7c9833277f62839fc6fab0db8747f1c2fdee2052c0badf8d06fbc599726530_d691af60de909835.jpg