မုံရွာ ၊ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအတွင်း ထူးချွန်စွာဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်တံဆိပ်၊ ဆုငွေချီး မြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂုဏ်ထူးဆောင်တံဆိပ်ရရှိကြသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ဂုဏ်ပြု ချီးမြှင့်ထိုက်သူများအား နှစ်စဉ်ချီးမြှင့်ပေးလျက်ရှိသကဲ့သို့ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် မိမိကိုယ်ကျိုးကိုမငဲ့ကွက်ဘဲ စွမ်းစွမ်းတမံ ဖြင့် မိမိတာဝန်များအား ကျေပွန်အောင်ထမ်းဆောင်ခဲ့ကြသူများကို စီစစ်ရွေးချယ်ပြီး ယခုလို ဂုဏ်ပြုဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ပြီး ပြည်သူများစိတ်အေးချမ်း သာစွာနေထိုင်သွားလာနိုင်ရေးအတွက် စောင့်ရှောက်ပေးလျက်ရှိရာ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အခြေခံမူများချမှတ်ပြီး ဆောင်ရွက်နေခြင်းသည် အမျိုးသားနိုင်ငံရေးတာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့်တိုင်း ဒေသကြီးအတွက် ကိုယ်ကျိုးစွန့်ထမ်းဆောင်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်မှုများ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှုထမ်းကောင်းဆု၊ ဇေယျာစီမံထူးချွန်ဆု၊ ဇေယျာလယ်ယာစီးပွားထူးချွန်ဆု၊ ဇေယျာစက်မှုစီးပွားထူးချွန်ဆုနှင့် ဇေယျာလူမှုထူးချွန်ဆုရရှိ ကြသူများအား ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီးတို့က ၂၀၂၃-ခုနှစ်အတွင်း အမှတ်(၅)မူးယစ်တပ်ဖွဲ့ခွဲနှင့် နယ်မြေခံရဲတပ်ဖွဲ့များမှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှုများမှ သိန်း ၁၀၀ နှင့်အထက်၊ သိန်း ၁၀၀၀ နှင့်အထက်၊ သိန်း ၅၀၀၀ နှင့်အထက်၊ သိန်း ၁၀၀၀၀ နှင့်အထက် ဖမ်းဆီးရမိမှုများအတွက် တာဝန်ရှိသူများထံ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

new 20240105 18

new 20240105 18

new 20240105 18

new 20240105 18