မုံရွာ ၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး တာဝန်များဆောင်ရွက် လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ အစည်း အဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ အရာရှိများနှင့်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး တာဝန်များဆောင်ရွက်လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များအား အခြေခံစား သောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်းအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး တာဝန်များဆောင်ရွက်လျက်ရှိ သည့် ရဲတပ်ဖွဲ့ဝင်များအတွက် တာဝန်ရှိသူများထံ အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေး အပ်ကြပြီး တပ်ဖွဲ့ဝင်များကိုယ်စား ရဲမှူးလှမြင့်လေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင်က တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240108 09

20240108 09

20240108 09

20240108 09

20240108 09

20240108 09

20240108 09

20240108 09