မုံရွာ ၊ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသား/ အမျိုးသမီး ဘက်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြင့်ပွဲ အခမ်းအနား ကို ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုရာ ဆုချီးမြင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအုပ်ချုပ်သူများနှင့် အားကစား သမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသမီးဗိုလ်လုပွဲစဉ် အဖြစ် အင်းတော်မြို့နယ်အသင်းနှင့် ဗန်းမောက်မြို့နယ်အသင်းတို့ ယဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားကြရာ အင်းတော်အသင်းမှ ၅၄ မှတ် ၄၁ မှတ်ဖြင့် အနိုင်ရရှိသွားသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသမီး ဘက်စကက်ဘောပြိုင်ပွဲတွင် ပထမဆုရရှိသော အင်းတော်မြို့နယ် အသင်းနှင့် အမျိုးသား ဘက်စကက်ဘောပြိုင်ပွဲတွင် ပထမဆုရရှိသော ကသာမြို့နယ်အသင်းတို့ အား ဒိုင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်မှ အမျိုးသား ဘက်စကက်ဘောပြိုင်ပွဲတွင် ပထမဆုရရှိသော ကသာမြို့နယ်အသင်းအား တစ်ဦး ချင်းဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အမျိုးသမီး ဘက်စကက်ဘောပြိုင်ပွဲတွင် ပထမဆုရရှိသော အင်းတော်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များအား လည်းကောင်း ပေးအပ်ချီးမြင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ အမျိုးသား ဘက်စကက်ဘော ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော စစ်ကိုင်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု များအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ အမျိုးသမီး ဘက်စကက် ဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဗန်းမောက်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေ
သားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးမှ အမျိုးသမီး ဘက်စကက် ဘောပြိုင်ပွဲတွင် တတိယဆုရရှိသော ကသာမြို့နယ်အသင်းနှင့် အမျိုးသား ဘက်စက်ဘော ပြိုင်ပွဲတွင် တတိယဆုရရှိသော ရေဦးမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသား ဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပွဲစဉ်တစ်လျောက်အကောင်းဆုံးဆု ရရှိကြသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချူပ်နှင့် တာဝန်ရှိသူများက ဆုရရှိကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240115 01

20240115 01

20240115 01

20240115 01