မုံရွာ ၊ ဖေဖော်ဝါရီ ၂

ဘုရားရှင်၏နှုတ်ကပါတ်တော်များဖြစ်သည့် ဥပ္ပါတသန္တိသုတ်တော်အား ရွတ်ဆိုခြင်းဖြင့် ပြည်သူ၊ပြည်သားများအားလုံး ဘေးအန္တရာယ်များမကျရောက်စေရန်၊ ကပ်ကြီးသုံးပါးမှ ကျော် လွှားနိုင်စေရန်နှင့် ငြိမ်းအေးချမ်းသာခြင်းသုခကို ရရှိစေနိုင်ရန်အတွက် ရည်ရွယ်၍ အသံမစဲ ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ မဟာဗောဓိရာမကျောင်း တိုက်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ကြပြီး မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ ရန်ကင်းကျောင်းတိုက်ဦးစီးပဓာနနာယက ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ တော်ဝင်ဘုံစံကျောင်းတိုက်၊ ဘဒ္ဒန္တနန္ဒိယ အရှင်သူမြတ်မှ ဗုဒ္ဓရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်အား ရွတ်ဖတ်ပူဇော်ပြီး မြို့မရွှေဂူ ကျောင်းတိုက်၊ ဘဒ္ဒန္တနန္ဒက အရှင်သူမြတ်မှ အသံမစဲ ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ရာ၌ တရား တော်များနာယူကြည်ညိုနိုင်ရန် နတ်ဗြဟ္မာများအား ဖိတ်ကြားသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ ရန်ကင်းကျောင်းတိုက်ဦးစီးပဓာနနာယက ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အလှည့်ကျ ဘာဏက သံဃာတော်အရှင်သူမြတ်မှ စတင်၍ ဥပ္ပါတသန္တိပါဠိတော်အား ရွတ်ဖတ်ပူဇော်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240205 01

20240205 01

20240205 01

20240205 01

20240205 01

20240205 01