မုံရွာ ၊ ဖေဖော်ဝါရီ ၃
မုံရွာမြို့နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်စေရေး၊ ရပ်ကွက် အတွင်းရှိလမ်းများ သန့်ရှင်းသပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်း လင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့ အတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ် ရပ်ကွက်၊ စိန်ပန်းဝါလမ်းဘေးဝဲ/ယာအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမူရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၆ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၇၀၀ ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ လယ်တီ ရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းအိမ်ရာတွင် စိုက်ပျိုးထားရှိသည့် ဝန်ထမ်းများ သက်သာချောင်ချိပြီး သန့်ရှင်းလတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ စားသုံးနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးထားသည့် စားဖိုဆောင်သီးနှံစိုက်ခင်းသို့ ရောက်ရှိကြရာ တာဝန်ရှိသူများမှ စိုက်ခင်း အတွင်း စိုက်ပျိုးထားရှိမှုများအား လိုက်လံရှင်းလင်းပြသကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဈေးကြီးတွင် ကုန်စိမ်းပွဲရုံ တည်ဆောက်မည့်မြေနေရာ ရှင်းလင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများငါးစားသုံးမှု အဆင်ပြေစေရေးအတွက် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ မြေဧက (၄၄.၅၉) ဧက အကျယ်တွင် ကန် ၁၆ ကန်အတွင်း သားပေါက်ပြုစုခြင်း ၁၀ သိန်းကောင်ရေနှင့် အသားတိုးမွေးမြူခြင်း ၂ သိန်း ကောင်ရေ မွေးမြူရေးကန်များသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ ကန်များအတွင်း ငါးများမွေးမြူ ထားရှိမှုနှင့် ဝန်ထမ်းများအားရောင်းချပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေ သကြီး ဝန်ကြီးချုပ်က ရှင်းလင်တင်ပြမှုများအပေါ် လိုအပ်သည်များကို တာဝနှ်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ငါးမွေးကန်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။





