မုံရွာ၊ ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ဖေဖော်ဝါရီလ(၁၆) ရက်နေ့တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ သီရိမင်္ဂလာမြစေတီတော်ကုန်းတော်တွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်နေပြည်သူများစုပေါင်းကာ သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် စေတီတော်ကုန်းတော်ပေါ်ရှိ မြက်ပင်များရိတ်ခြင်း၊သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ပေါင်းမြက်များရှင်းလင်းခြင်းနှင့်အမှိုက်ကောက်ခြင်းစသည့် သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး အလားတူ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင်ခရိုင်(၁၃)ခရိုင်၊မြို့နယ်ပေါင်း(၁၅)နေရာရှိ နေရာပေါင်း(၁၅)နေရာတွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တပ်မတော်သားများ စုစုပေါင်း အင်အား (၁၈၀၅)ဦးတို့ဖြင့် ဆေးရုံများ၊စာသင်ကျောင်းများ၊ဘုရားပုရဝုဏ်နှင့်စေတီတော်များ၊ဌာနဆိုင်ရာရုံးဝင်းများ၊ ဈေးအတွင်းအပြင်များ၊ လမ်းဘေးဝဲယာများစသည့် အများနှင့်သက်ဆိုင်သောနေရာများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။



