မုံရွာ၊ ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ဖေဖော်ဝါရီလ(၁၆) ရက်နေ့တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ ဟွေထိုက်ချောင်း၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၂)တည်ဆောက်ရေးမှ တာဝန်ယူဆောင်ရွက်နေသော ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းသို့ရောက်ရှိရာ အလျား(၂၉၅)ပေ အမြင့်(၈၂)ပေရှိမည့် ပင်မတမံလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ အလျား(၁၇၈၃)ပေ အကျယ်(၈.၅)ပေနှင့် အမြင့်(၆)ပေ ဖြင့် ဆောင်ရွက်နေသော ရေသွယ်မြောင်းတည်ဆောက်နေမှုလုပ်ငန်း၊‌ ရေလွှဲရေထုတ်ပြွန်လုပ်ငန်းနှင့် ရေယူအဆောက်အအုံလုပ်ငန်းများ၊ရေထိန်းကန်နှင့်အရည်အသွေးထိန်းသိန်းမှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အပေါ် စီမံကိန်းတာဝန်ခံအရာရှိမှ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ စီမံကိန်းအား ဒေသခံပြည်သူများ၏ အကျိုးအတွက် ခန့်မှန်းကုန်ကျငွေကျပ်သန်းပေါင်း (၃၈,၀၈၃,၅၉၇)ဖြင့် တည်ဆောက်ပေးနေခြင်း ဖြစ်ပါကြောင်း ၊စီမံကိန်းပြီးစီးသွားပါက နှစ်စဉ် လျှပ်စစ်ဓာတ်အား (၂၀.၃၈၁)ကီလိုဝပ် နာရီသန်းပေါင်းကို ထုတ်လုပ်နိုင်မှာဖြစ်ပြီး လဟယ်မြို့နှင့် အနီးဝန်းကျင်ကျေးရွာများရှိ အိမ်ထောင်စုပေါင်း (၁,၇၇၈)စုခန့်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှာဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများကို (၂၀၂၅)ခုနှစ်မတ်လတွင် သတ်မှတ်အရည်အသွေးပြည့်မီစွာဖြင့် ပြီးစီးအောင်မြင်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းသဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြင့်ဆောင်ရွက်ပေးကြစေလိုကြောင်းမှာကြားသည်။

ထို့နောက် ဝန်ကြီးချုပ်သည် နာဂယဉ်ကျေးမှုပြတိုက်အဆောက်အဦးတွင် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ တစ်ဦးချင်း၏ လူမှုစီးပွားဘဝပြည့်စုံစေရန်၊ စားရေရိက္ခာများပြည့်စုံစေရန်၊ဒေသဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလိုသောကြောင့် လာရောက်ခြင်းဖြစ်ပါကြောင်း၊ဒေသတည်ငြိမ်အေးချမ်းမှသာ လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်မှုများကို လုပ်ဆောင်ပေးနိုင်မှာဖြစ်သောကြောင့်‌ဒေသခံပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းဖို့လိုအပ်ကြောင်း ၊

ရွှေ့ပြောင်းတောင်ယာအတွက် သစ်တောသစ်ပင်ခုတ်ထွင်ရှင်းလင်းခြင်းများအစား ကုန်းမြင့်လယ်ယာများဖော်ဆောင်ပေးခြင်း၊လှေကားထစ် စိုက်ပျိုးမှုစနစ်သို့ပြောင်းလဲစိုက်ပျိုးရန်သက်ဆိုင်ရာ ဌာနများနှင့်ပေါင်းစပ်ကာနည်းပညာပေးသင်တန်းများ၊စက်မှုပိုင်းဆိုင်ရာနှင့်အခြားလိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊တောင်ယာဟောင်းများတွင်လည်းနှစ်ရှည်သီးနှံပင်များစိုက်ပျိုးနိုင်ရန်စီမံပေးထားပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများမှလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများတင်ပြခြင်း ၊ဒေသခံပြည်သူများ၏လိုအပ်ချက် တင်ပြများအပေါ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနောက် လဟယ်ဒေသတွင်တာဝန်ထမ်းဆောင်နေကြသောဝန်ထမ်းများ၊ နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်မှ နိဂုံးချုပ်စကားပြောကြားပြီးအခမ်းအနားကိုရုတ်သိမ်းခဲ့ကာ ဒေသခံပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ဝန်ကြီးချုပ်သည် နံနက်ပိုင်းတွင် ထန်ပါခွေမြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဇေယျာနန္ဒအား ဖူးမျှော်ပြီး သာသနာရေးဆိုင်ရာများဆောင်ရွက်ရာတွင် အသုံးပြုရန် နဝကမ္မအလှူတော်ငွေ(၅)သိန်းကျပ် ဆက်ကပ်လှူဒါန်းခဲ့ကာ ဌာနဆိုင်ရာများမှလည်း သင်္ကန်းကပ်လှူခဲ့ကြသည်။

ထို့နောက် ထန်ပါခွေမြို့ Baptist Charch သို့ ရောက်ရှိပြီး သာသနာရေးဆိုင်ရာများဆောင်ရွက်ရာတွင် အသုံးပြုရန် အလှူတော်ငွေ(၅)သိန်းကျပ် အားပေးအပ်လှူဒါန်းရာ သင်းအုပ်ဆရာတော်ဦးလောင်ဆွေနှင့်အသင်းတော်တာဝန်ရှိသူတို့မှ ပြန်လည် ဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်းသိရသည်။

20240217 04
20240217 05
20240217 06
 
20240217 07
20240217 08
20240217 09
 
20240217 10
20240217 11