မုံရွာ၊ မတ် ၄

စစ် ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း ဖွင့်လှစ်သော နွေရာသီ အခြေခံပန်းချီ၊ ကွန်ပျူတာပန်းချီ၊အင်္ဂလိပ်စာ(Grammar) သင်တန်း များ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မုံရွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများနှင့် မိဘများ တက်ရောက်ကြကြောင်းသိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် နွေရာသီ အခြေခံပန်းချီ၊ ကွန်ပျူတာပန်းချီ၊အင်္ဂလိပ်စာ(Grammar) သင်တန်း များ ဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် ၅၃၃၀၄၀၀ ( ကျပ် ငါးဆယ့် သုံးသိန်း ၊ သုံးသောင်း လေးရာကျပ်) ကို ပေးအပ်ရာ တိုင်းဒေသကြီး ပြန်ကြား‌ ရေးနှင့် ပြည်သူ့ဆက်ဆံ‌ ရေး ဦးစီးဌာန၊ တိုင်း ဒေသကြီးဦးစီးမှူး မှ လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက ” ကျောင်းသားသူများအနေဖြင့်နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်၊ ပုံဆွဲခြင်းအတတ်ပညာကို စနစ်တကျ ရေးဆွဲတတ်စေရန် နှင့် အသိပညာအတတ်ပညာများ တိုးပွားစေရန် ” စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြား ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တက်ရောက်လာသော သင်တန်းသားသင်တန်းသူများက အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောလာကြသူများနှင့်အတူတက်ရောက်လာကြသူများနှင့်အတူ နွေရာသီ အခြေခံပန်းချီ၊ ကွန်ပျူတာပန်းချီ၊အင်္ဂလိပ်စာ(Grammar)အခမဲ့ သင်တန်းဖွင့်လှစ်ပို့ချနေမှုနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော နံရံကပ်စာစောင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နွေရာသီ အခြေခံပန်းချီ၊ ကွန်ပျူတာပန်းချီ၊အင်္ဂလိပ်စာ(Grammar) သင်တန်း များကို မတ်လ ၄ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ အပတ်စဥ် တနင်္လာနေ့မှ သောကြာ နေ့ အထိတစ်လကြာသင်ကြားပေးသွားမည် ဖြစ်ပြီး အခြေခံပန်းချီ သင်တန်းတွင် (၆၀)ဦး၊အခြေခံကွန်ပျူတာပန်းချီ(၂၀)ဦး၊ အင်္ဂလိပ်စာ(Grammar) သင်တန်းတွင် (၄၀)ဦး၊ မူလတန်း၊ အလယ် တန်းအဆင့် နှင့် အထက်တန်းကျောင်းသားကျောင်းသူ(၁၂၀)ဦး တက်ရောက် သင်ယူကြမည်ဖြစ်သည်။
အဆိုပါသင်တန်းများကိုစစ်ကိုင်းဒေသကြီးပြန်ကြား‌ေရးနှင်ပြည်သူ့ဆက်ဆံ‌ေရးဦးစီဌာန ခရိုင်/မြိုနယ်၁၇ရုံး၏ လူထုအခြေပြုဗဟိုဌာန(Community Centre)များတွင်သင်တန်းပေါင်း( ၂၆)ကြိမ်ဖွင်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

20240305 04

20240305 04

20240305 04

20240305 04

20240305 04

20240305 04

20240305 04

20240305 04

20240305 04

20240305 04

20240305 04

20240305 04

20240305 04

20240305 04