မုံရွာ၊ မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ၊စစ်ကိုင်းမြို့၊ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး၌ ဆိုလာလျှပ်စစ်တပ်ဆင်ရန်အတွက် အလှူငွေဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို မတ်လ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ စေတီတော်ကြီးရှိ အောင်မြင်ဗောဓိဓမ္မာရုံ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်၊ အိမ်ဖြူတောရကျောင်းတိုက် ဘဒ္ဒန္တကောသလ္လ ဆရာတော်ကြီး ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာ များလျှောက်ထားပြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌထံ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး၌ ဆိုလာလျှပ်စစ်မီးတပ်ဆင်ရန်အတွက် အလှူငွေကျပ် သိန်း-၁၀၀၀(သိန်းတစ်ထောင်)နှင့် စေတီ တော်ကြီး၏ အနောက်ဘက်နှင့်မြောက်ဘက်မုဒ်ဦး ပြုပြင်မွန်းမံရန်အတွက် ဘိလပ်မြေအိတ် – ၅၀၀ (ငါးရာ)တို့အား လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ရာဇာမဏိစူဠာ ကောင်းမှုတော် စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ ဆရာတော်ကြီးများမှ သြဝါဒချီးမြှင့်တော်မူကြပြီး စစ်ကိုင်းမြို့၊ ဆွမ်းချက်ရပ်ကွက်၊ ရွှေစေတီကျောင်းတိုက် ဘဒ္ဒန္တဥတ္တမဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် စစ်ကိုင်းမြို့၊ ရာဇာမဏိစူဠာကောင်းမှုတော် စေတီတော်မြတ်ကြီး၏ သြဝါဒါ စရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ စေတီတော်မြတ်ကြီး ပျက်စီးယိုယွင်းမှုမရှိစေဘဲ ရေရှည်တည်တံ့စွာကိုးကွယ်နိုင်ရန် ထိန်းသိမ်းထားမှုများ၊ စေတီတော်မြတ်ကြီးနှင့်ရင်ပြင်တွင် လျှပ်စစ်မီးတိုင်များ ထွန်းညှိပူဇော်နိုင်ရေးနှင့် စေတီတော်ကြီးသို့ လာရောက်ကြမည့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမျှော်နိုင်ရန် စေတီတော်ကြီး ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးတို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝနှ်ရှိသူများသည် စစ်ကိုင်းမြို့၊ အမှတ် (၃၃)ခြေမြန်တပ်မဌာနချုပ် အောင်စစ်သည်ခန်းမ၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းတပ်နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတပ်နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် တိုင်းဒေသကြီးအတွင်း ထောက်ပံ့ပေးခဲ့မှု အခြေအနေအရပ်ရပ်အား ရှင်းလင်းပြောကြား သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များအတွက် တာဝန်ရှိသူများထံ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး စစ်ကိုင်းတပ်နယ်မှူး ဗိုလ်မှူးကြီး စိုးဦးဟန်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240325 01

20240325 01

20240325 01

20240325 01

20240325 01

20240325 01

20240325 01