မုံရွာ ၊ ဧပြီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက် ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ် မြန်မာ့ရိုးရာယဉ် ကျေးမှု မဟာသင်္ကြန်ပွဲတော် ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးဌာနများမှ ရှပ်ရှင်ရုပ်ဆောင်များ၊ နိုင်ငံကျော်အဆိုတေ်များ၏ ဖျော်ဖြေမှုနှင့် ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေနေမှုများအားအား ကြည့်ရှုအားပေးကာ မုံရွာမြို့နေပြည်သူ များနှင့် ရပ်ကွက်နေပြည်သူများ မိသားစုဝင်များ၊ ပြည်သူများနှင့် သင်္ကြန်ချစ်သူများမှ ပျော်ရွှင် စွာဖြင့် ရေကစားနေမှုများ ကြည့်ရှုအားပေးခဲ့ကြပြီး ရေသဘင်ပွဲတော်ပွဲတော်သို့ လာရောက် ကြသူများအား စတုဒီသာကျွေးမွေးခဲ့ကြဧည့်ခံခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာန အသီးသီမှ မဏ္ဍပ်များမှ ယိမ်းအလှ၊အကအဖွဲ့များများမှ သင်္ကြန်ပွဲတေး သီချင်းများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ၁၃၈၄-ခုနှစ် ၂၀၂၃-ခုနှစ် စစ်ကိုင်းတိုင်းဒေသ ကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ကန်သာယာရှိ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွွဲ့ ဝန်ကြီးဌာန မဏ္ဍပ်များမှ ဧည့်သည်တော်များ၊ ယိမ်းအလှပျိုဖြူများနှင့် တက်ရောက်လာသူများအား နှစ်သစ် ကူးအမွှေးနံ့သာရေဖြင့် အပြန်အလှန်ပတ်ဖျန်းကြပြီး နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင်များ၊ အဆို ရှင်များနှင့် ယိမ်းအလှပျိုဖြူများက အလှည့်ကျဖျော်ဖြေနေမှုများအား ကြည့်ရှူအားပေးခဲ့ကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အလုံတပ်နယ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၉၆၁) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်း ရေသဘင်မဏ္ဍပ်များသို့ ရောက်ရှိရာ ရေသဘင်မဏ္ဍပ်မှ ယိမ်းအကလှပျိုဖြူများ၊ ရုပ်ရှင့်နှင့်ဗီဒီယို သရုပ်ဆောင်များက အကအလှများဖြင့် သီဆိုဖျော်ဖြေမှုအား ကြည့်ရှုအားပေးကြကာ ယိမ်းအက ဖွဲ့များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူး၊ဇနီးနှင့် တာဝန်ရှိသူများက အတာရေ များပက်ဖျန်းပေးခဲ့ပြီး ယိမ်းအကလှပျိုဖြူများက အကအလှများဖြင့်ဖျော်ဖြေကြပြီး ဖျော်ဖြေသည့်ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင် သရုပ်ဆောင် များနှင့် အဆိုတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြင့်ခဲ့ကြပြီး ရေကစား မဏ္ဍပ်များတွင် ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။0-02-06-5635ce5ceb154cfd95e526770e524abc28b14539c33f1ea44bcd2dc25ba59717_57229dcaca931bd3.jpg

0-02-06-be97cab1fddeede02604bbf3fc323e6a354dca31315a1a56276149383e9adb32_b0e40fd1d816c4b9.jpg

0-02-06-2346cb5244912054b7167f7131f4725a9f076841b23599315881fa503272b978_cd0d13ecc421bc8.jpg

0-02-06-aee15bc15676d7ef1f8af3cb08a0313795a02eb1834f8842ad83d4ff8f3eb4da_2a50a9af9527a405.jpg

0-02-06-2670efc677e803ee44b11126c0c647562577d1f530da1ecc535e0ab21a28c1e6_523f1240b53ffe8c.jpg

0-02-06-dffdcb3e8136dc9c94c0e4f163756bfce72bb1827851f8e9822fd747487ec0d3_e19f7cc5f94a0922.jpg

0-02-06-504289fc8544cd5f68a945b5f98452c9e3c7a417bd6d39161eef4a6180e1173e_621776b8f106fff8.jpg

0-02-06-f9bd7e624f997c209d7d94fa6ba4d4c17741087b6f150d541213a51fdac21cae_ee6ac70f394cf3d6.jpg

0-02-06-bd53b8ca9028c75baee617d756f7e6abefb44aea370576c94936e30669b92c55_fa4a3bcd60351af9.jpg

0-02-06-dc9bd95c09bf52af1e045e1924fa62143951f94a199d2ec71f4cdc2ee7579bf9_3e09be7f61d4ac17.jpg