မုံရွာ ၊ ဧပြီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧပြီလ ၁၆ ရက်နေ့ မဟာသင်္ကြန်ပွဲတော် အတက်နေ့ နံနက်ပိုင်းတွင် ၁၃၈၅-ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်သည့် ကန်သာယာကန်ဝန်းကျင်ရှိ ဗဟိုမဏ္ဍပ်တွင် နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင်များ၊ အဆိုတော်များနှင့် ရေကစားလာ ရောက်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့နေ ရပ်ကွက်နေပြည်သူများနှင့်အတူ နံနက် စာ အတူတကွ သုံးဆောင်ခဲ့ကြပြီး တာဝန်ရှိသူများအတူ အတာရေများပတ်ဖျန်းကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင်များ၊ အဆိုတော်များ၏ သီဆိုဖျော်ဖြေနေမှုများနှင့် မြို့နေပြည်သူများ ပျော်ရွှင်စွာ ရေကစားနေမှုများအား ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တရားရေး၊ စီးပွားရေး၊ လူမှု၊ တိုင်းရင်းသား၊ ဉပဒေ၊ လွှတ်တော် ဌာနကြီး ၆ ခု၏ ချင်းတွင်းပိတောက်ရေသဘင်မဏ္ဍပ်သို့ ရောက်ရှိရာ ယိမ်းအကအဖွဲ့များနှင့် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၏ သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့်အတူ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြင့်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လမ်းပန်းဆက်သွယ် ရေးရေသဘင်မဏ္ဍပ်သို့ ရောက်ရှိရာ ယိမ်းအကအဖွဲ့များနှင့် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၏ သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့်အတူ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြင့်ကြပြီး မြို့နေပြည်သူများ ပျော်ရွှင်စွာ ရေကစားနေမှုများအား ကြည့်ရှုအားပေးကြသည်

0-02-06-1a09962f5203327990a75587cbda438ac97c9a8e591b4be7628524805fb39a82_39dd07f84a8298c2.jpg

0-02-06-c1418d0da52f551623cf06b7978b3ddd0444368167c9814e1ecfa735f17a3e8b_7f753cd8a9aa6d02.jpg

0-02-06-fee416ec86c4c985ddb367bbe876b9711f2773c2df42d3f5fa28697a64e465e8_92dcc150be6487e1.jpg

0-02-06-646c0b9d56ef56f52703fbc1b387fe38b9060d1777fb9b172f3811bee55cfbea_9515d0abe6382ea.jpg

0-02-06-215e533d1ce9c4a18ff45bb8ef3493aee306b4df9b76be54749ff92882b6bf2b_f3577027ea6744c6.jpg

0-02-06-8b17bdb0a1a97f9c77cb3080dd5fe8daf42368f534abc7b4210cc0e7af1d01b0_b119ad2d52dba922.jpg

0-02-06-e6f648d469c77fa115843901d69169512a4e818477326ef694c05945ef946347_1c16a7e814cb7b95.jpg

0-02-06-7d16cb6223d3e3ad205e17609e4471b2c45e810658bd745d3e7b5ed6ab774e17_a143a27ea3dc697e.jpg

0-02-06-97e5b791016edce351a5b8b46d86bd78546cff3310d548099e24a6bb318c3cf9_84bbf55a347a08c.jpg

0-02-06-a01ef3a6ccb5a288b80f5cb1c06ec83d03003014501adc4d8d57e238ccde13b8_59e51e1d9b71bb8a.jpg

0-02-06-4a609846c3a5ac684af7757d6f633de506bddb40e94ed4cd149b49a11152cea4_4f61ff3305a5596d.jpg

0-02-06-97fdf3d0c6f341f068daee5193ef20b2657c5ab7a4440b3b28f056dd8fc3ef1c_18794a292a1cb28f.jpg

0-02-06-0c4eb4d1baec8e584b1a997e6371d740b978ae34d567a85032b31c9101310ae4_bb5beac95de82ff2.jpg0-02-06-de0e7ed33ba5489dd2d6c078a826f8b959afec54a6d4b3bb08d853f31691322e_5138d75e69f55d44.jpg

0-02-06-9c6fccc717f0c4e2ebc6dbd25268ef172cea222a8b0a36cbaa30f46479e7a082_33bf91ebd8cef7c6.jpg

0-02-06-8698cb4dcfb910b8f68cdbf30d7ef943505097a10f5349393f6fc4cdd9e20269_d20a352463358251.jpg

0-02-06-2813502031091f14d823a7e74aaef0ba33eeb48bc11ae46c580a502224b45c3d_4dff9c7b9aa44b1d.jpg

0-02-06-4170bdf6d92f23f171889a258c8e5259abaf561c1a506da4d8f38e4adf68e0ce_552ed561548ab0fa.jpg

0-02-06-e512ecdf16eb96e0d4542e13a7b7d6f60d5db91eb8762c8edf027b80b77ad6cf_aff7b6c3490d4411.jpg

0-02-06-4d3831d7112c077694759e7b386648fbe63406356008d272dc2d4fae6ccc1ca2_6379986bddbeb494.jpg

0-02-06-b2c718e6d621f1d5a67f0982d0b664d82159728d710d7f66ad0a94b432648598_13fa75add6d707c8.jpg

0-02-06-b4189f1d6174df49ffa5d2d5631dc89160a5d6c463bfc5a907b1b7e0a9e94c0a_e44233be34d55c69.jpg

0-02-06-a91c8f78ed413f7b42680a7c746c6c2c853bbe9979c3e36b032d43c214c658ef_a595ba949402b87e.jpg

0-02-06-0ea1b3a5a12568780adc368a763032019fd143e06621c2aedfc898a09d59d561_f013970f0edbd623.jpg

0-02-06-f22c80b6a2c1e736aaf487a90cab0bc56673a78cfd3ec06139e6a8ba50f75e93_f5dcbc9417350112.jpg

0-02-06-974dfb78c0ca7ee83d92e2bc263f563b7a0512e70d61b02913114f992a357e1c_5f28d3d2792cf506.jpg

0-02-06-c9d52b50d226a36c22b8d956bf4b2a00cdec76c399212134de5a5e434e5df5ee_d6ecd885702a9905.jpg

0-02-06-ff3f82240d7967f4ccaa5e4e48391a620bfd722d30eb2feb6260d58f65a5b2dd_6f3418ff054666e8.jpg

0-02-06-36dbb6aadbd8d6292b4a7301d937cf1c802ce9a64eb65ded245f7ecba34ecaa7_b8679bdbf63f170c.jpg

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင်များ၊ အဆိုတော်များ၊ ရေကစားလာရောက်ကြသူများနှင့်အတူ စတုဒီသာမဏ္ဍပ်၌ နေ့စာအတူတကွ သုံးဆောင်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ၁၃၈၅-ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာ့ရိုးရာနှစ်သစ်ကူး င်္ကြန်ပွဲတော် အတက်နေ့ နှုတ်ခွန်း ဆက်အမှာစကား ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင်များ၊ အဆိုရှင်များနှင့် ယိမ်းအကအဖွဲ့၊ လှပျိုဖြူများအား နှစ်သစ်ကူးအတာ ရေများ ပတ်ဖျန်းပေးကြပြီး နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုရှင်များက တေးသီချင်း များဖြင့် သီဆိုဖျော်ဖြေကြပြီး “မန်းတောင်ရိပ်ခို”တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကာ ပိတ်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။