မုံရွာ၊ မေ ၁၁

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်း ဥပဓိရုပ်ကောင်းမွန်စေရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မေလ ၁၁ ရက်နေ့၊နံနက်ပိုင်းက မုံရွာမြို့၊ အလုံရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းနှင့် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း(အလုံ)၌ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသားမိဘများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် ဆီကုန်သည်ကြီးများ အသင်းမှ တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှှင့် စားသုံးဆီများအား ဈေး နှုန်းသက်သာစွာဖြင့်ရောင်းချပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များဆောင်ရွက်နေကြသူ များအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၆ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၂၅၀၀ ကျော်ဖြင့် ကျောင်းများဉပဓိရုပ်ကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်း များကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

20240513 12

20240513 12

20240513 12