မုံရွာ မေ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(အလုံ)သို့ ရောက်ရှိကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ စိုက်ပျိုး/မွေးမြူရေးအထက်တန်းကျောင်းနှင့် အခြေခံပညာအဆင့်အလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ကျောင်းအပ်နှံနေမှုများအား လိုက်လံကြည့်ရှုအားပေး ပြီး တာဝန်ရှိသူများနှင့်အတူ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ဘောပင်များနှင့် ခဲတံများအား ကျောင်းသား၊ကျောင်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်း ဝန်းအတွင်းရှိ စိုက်ပျိုး/မွေးမြူရေးအထက်တန်းကျောင်းသို့ ရောက်ရှိရာ သင်ထောက်ကူပစ္စည်း များခင်းကျင်းပြသထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်စေ ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျောင်းဆောင်အဆောက် အဦများ ကြံ့ခိုင်မှုရှိစေရေးနှင့် သင်ကြားရေးအထောက်အကူ ပြုပစ္စည်းများ ပြည့်စုံစွာထားရှိ ရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့ပြီး အလျား – ၁၂၀ ပေ၊ အနံ – ၃၀ ပေ၊ RC ၂ ထပ် ကျောင်းဆောင် အဆောက်အဦသစ် တည်ဆောက်ပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20240530 01

20240530 01

20240530 01

20240530 01

20240530 01

20240530 01