မုံရွာ၊ ဇူလိုင် ၁

ဇွန်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မှမုံရွာသို့ မောင်းနှင်ထွက်ခွာလာသည့် ခရီး သည်တင်ယာဉ်များအား ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖတ် သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ရာ ခရီးသွားပြည်သူတစ်ဦးသေဆုံးပြီး သံဃာတော်နှစ်ပါးအပါအဝင် ခရီးသွားပြည်သူ ၂၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ နယ်မြေလုံခြုရေးထပ်ဖွဲ့ဝင်များမှ ဒဏ်ရာရလူနာများအား ကုတင် ၅၀၀ ဆံံ၊ မုံရွာပြည်သူ့ဆေးရုံကြီးသို့ အချိန်မီပို့ဆောင်ခဲ့သည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူ များက ယမန်နေ့မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှု အားပေးစကားများပြောကြားကာ ထောက်ပံ့ငွေများနှင့်အာဟာရ ဖြည့်စွက်စာများအား ထောက်ပံ့ပေးအပ်ခဲ့ကြပြီး လိုအပ်သည့်ကု သရေးလုပ်ငန်းများအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များသည် ဇူလိုင်လ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ ပြည်သူ့ဆေး ရုံကြီးတွင် ကျင်းပပြုလုပ်သော ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများ နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့များမှ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းနေမှုများအား လိုက်လံကြည့်ရှုအားပေး ကြပြီး တာဝန်ရှိသူများနှင့်အတူ အာဟာရဖြည့်စွက်စာများအသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မုံရွာ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်းဖွင့်လှစ်သည့် တန်ဖိုးမြှင့်စား သောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားလာစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့်ကျေးလက်များအကြား၊ ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့ပြနှင့်ကျေးလက် နေပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရာတွင် အသက်မွေးဝမ်း ကျောင်းကာလတို သင်တန်းများသည် အမှန်တကယ်အလုပ်အကိုင်ဝင်ငွေရရှိစေမည့် အသက် မွေးဝမ်းကျောင်းသင်တန်းများ ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ယခုနှစ်အတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း ၅၅ ကြိမ်အား သင်တန်းသား/သူ(၁၁၀၀)ဦးတို့ဖြင့် ဖွင့်လှစ်ပို့ချရန်လျာထား၍ သင်တန်းတွင်စာတွေ့ ၃၀% လက် တွေ့ ၇၀ % သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ကာ သင်ကြားပေးခဲ့သော ပြုလုပ်နည်းများသည် ဈေးကွက် တွင်နေ့စဉ်စားသုံးနေကြသည့် စားသောက်ကုန်များ ဖြစ်ပါကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချသင်ကြားပေးလိုက်သည့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများအား အသုံးချ ပြီးမိမိတို့မိသားစုနေ့စဉ် ဝင်ငွေရခြင်းဖြင့် စားသောက်ကုန်မုန့်အမယ်များအား သွင်းကုန်အစား ထိုးနိုင်သကဲ့သို့ ပြည်ပထွက်ငွေစီးဆင်းမှုလျော့နည်း၍ နိုင်ငံ့စီးပွားအထောက်အကူပြုသည့် လုပ်ငန်းရှင်ကြီးများ ဖြစ်လာကြစေရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက သင်တန်းသူတစ်ဦးထံ သင် တန်းဆင်းလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း ကသင်တန်းသူတစ်ဦးထံ သင်တန်းမှရရှိသည့် ထုတ်ကုန်ပစ္စည်းများအားပေးအပ်ကြပြီး သင်တန်း သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများ ကိုယ် တိုင်ပြုလုပ်ထားသော တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုးအား လိုက်လံကြည့်ရှုအား ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနား သို့တက်ရောက်လာသူများ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

20240704 01

20240704 01

20240704 01

20240704 01