မုံရွာ၊ ဇူလိုင် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် သီးစုံအခြေခံ ယိုနှင့် အချိုရည်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ၂/၂၀၂၄ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပ ပြုရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နည်းပြများနှင့် သင်တန်းသား/ သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် မိမိတို့တိုင်းဓေသကြီး အစိုးရအဖွဲ့ အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေ ရန်စီမံဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့်ကျေးလက်များအကြား ဖွံ့ဖြိုးမှုကာဟချက် ကျဉ်း မြောင်းစေရေး မျှော်မှန်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင် တန်းမှပို့ချသင်ကြားပေးလိုက်သည့် အသိပညာ၊ အတက်ပညာ၊ ဗဟုသုတများအား အသုံးချကာ မိမိနှင့်မိမိတို့မိသားစု၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရေး၊ မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရရှိစေရေးနှင့် ပြည်ပငွေစီးဆင်းမှုလျော့နည်း၍ နိုင်ငံ့စီးပွား အထောက်အကူပြုသည့် လုပ် ငန်းရှင်များဖြစ်လာကြစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

20240705 01

20240705 01

20240705 01

20240705 01

20240705 01